A d v e r t i s e m e n t With Us

သပိတ်စစ်ကြောင်းများ ရန်ကုန်ကို အ၀င်မခံဟု အစိုးရကြေညာ

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်နေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ရန်ကုန်တိုင်းအတွင်း ၀င်ရောက်ခြင်းမပြုနိုင်ဖို့ ဥပဒေနဲ့ အညီဆောင်ရွက်မယ်လို့ အစိုးရက ဒီကနေ့ည ၇ နာရီမှာ  ကြေညာပါတယ်။ 10628580_846559025382599_366492509556842684_nဖေဖော်ဝါရီ ၁၁ ရက်နေ့က လေးပွင့်ဆိုင်ညှိနှိုင်းပွဲမှာ သပိတ်စစ်ကြောင်းတွေ ရန်ကုန်ကို ဦးတည်ချီတက်ခြင်းမပြုဖို့ ပြောကြားခဲ့ပေမယ့် သပိတ်မှောက်ကျောင်းသားတွေက မလိုက်နာကြ ဘူးလို့ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ကြေညာပါတယ်။ မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်စေဖို့နဲ့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တားဆီမှာဖြစ်တယ်လို့  သတင်းက ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က လေးပွင့်ဆိုင်ညှိနှိုင်းပွဲမှာ ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်ကို သဘောတူညီခဲ့ပြီး မနက်ဖန် ၁၄ ရက်နေ့ကျရင် ရန်ကုန်မှာ လေးပွင့်ဆိုင် တွေ့ဆုံပွဲကို ရန်ကုန်မှာကျင်းပဖို့ သဘောတူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up