A d v e r t i s e m e n t With Us

တပ်မတော်က ဘယ်အဖွဲ့ဌာနချုပ်ကိုမှ စတင်တိုက်ခိုက်ခြင်းမရှိဟု ကာချုပ်ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Senior General Min Aung Hlaing)
တပ်မတော်က ဘယ်တပ်ဖွဲ့ရဲ့ ဌာနချုပ်ကိုမှ စတင်တိုက်ခိုက်ခြင်းမရှိဘဲ ကိုးကန့်တပ်ဖွဲ့က လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဌာနချုပ်ကို စတင်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။ [caption id="attachment_81481" align="aligncenter" width="757"]ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Senior General Min Aung Hlaing) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Senior General Min Aung Hlaing)[/caption] ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံခိုက် သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး ကိုးကန့်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်မှာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ပြောသွားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ပအိုဝ်းလွတ်မြောက်ရေး တပ်မတော်ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဒီဗွီဘီဝိုင်းတော်သား ရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီနေ့ ဗိုလ်မှူးကြီးတို့နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ကြတော့ ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ ဖြစ်ပွားနေတဲ့ လောက်ကိုင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောကြားခဲ့တယ်လို့ ကြားလို့ပါ။ [caption id="attachment_36331" align="alignright" width="300"] ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ[/caption] “ဟုတ်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်က နာရီဝက်လောက် မိန့်ခွန်းပြောပါတယ်။ အဲ့ဒီမှာ ကိုးကန့်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ကိုးကန့်အဖွဲ့ရဲ့ နောက်ဆက်တွဲကိစ္စတွေမှာ သူ့အနေနဲ့ သင်္ကာမကင်းဖြစ်မိတဲ့ကိစ္စကို နည်းနည်း ပြောဆိုလာတာ ကြားရပါတယ်။ အထူးသဖြင့်တော့ လောက်ကိုင်မှာရှိတဲ့ သူတို့ရဲ့ဌာနချုပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဌာနချုပ်တွေကို ကိုးကန့်တပ်ဖွဲ့ကနေ စတင်တိုက်ခိုက်လာတဲ့ သဘောရှိတာပေါ့လေ။ အဲ့ဒါကို သူက စိုးရိမ်မကင်းဖြစ်တာကို ပြောတာပါ။ တပ်မတော်ဘက်ကတော့ ဘယ်အဖွဲ့အစည်းဌာနချုပ်တွေကိုမှ တိုက်ခိုက်တာ မရှိပါဘူးပေါ့။ တိုက်ခဲ့တာ မရှိဘူး၊ အခုလည်း တိုက်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ရဲ့ လောက်ကိုင်ဌာနချုပ်ကို တိုက်လာတာကတော့ ငြိမ်းချမ်းရေးလိုချင်တာ ပါးစပ်ကပြောနေပြီးတော့ လက်ကတော့ ငြိမ်းချမ်းရေးကို ဖျက်နေသလားပေါ့။ အဲ့ဒီပုံစံမျိုးလေးတော့ ဝေဖန်ပြောဆိုတာ ရှိပါတယ်။” နောက် သူက သတင်းအချက်အလက်တွေ ရထားတယ်၊ အားလုံး ဖွင့်ထုတ်ပြောမယ်ဆိုတာက ဘယ်အဖွဲ့ကို ပြောတာပါလဲ၊ ဘာကို ရည်ညွှန်း ပြောတာပါလဲ ခင်ဗျ။ “မသိဘူးဗျ၊ အဲ့ဒီလို ပြောလိုက်တဲ့အခါကျတော့ ကျနော်တို့နဲ့ ပါဝင်တက်ရောက်နေတဲ့ ၀ သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်၊ aနာက် မိုင်းလားအထူးဒေသက ကိုယ်စားလှယ်တွေက အဲ့ဒီပုဂ္ဂိုလ်တွေက ထပြီးတော့ ကျနော်တို့ မသိဘူး၊ မရှိဘူးပေါ့။ ကျနော်တိုနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ထငြင်းကြတာ တွေ့ရတယ်ဗျ။ နောက်ပြီး ရရှိထားတဲ့ အထောက်အထားတွေနဲ့ မကြာခင် သတင်းစာရှင်းလင်းပွဲတရပ်လုပ်မယ်လို့လည်း ပြောပါတယ်။” ဒီတကြိမ် ပြည်ထောင်စုနေ့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတက်ခဲ့ရာမှာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေ အပါအ၀င် ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ခဲ့ကြတယ်ဆိုတော့ ဒီခရီးမှာ ဘာတွေတိုးတက်မှုရှိလဲ၊ ချုပ်ပြီး ဆွေးနွေးပေးပါ။ “ဒီခရီးစဉ်က ၆၈ နှစ်မြောက်ပြည်ထောင်စုနေ့ခရီးစဉ်ဖြစ်ပြီး အင်မတန်မှ အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့တနေ့ဖြစ်တယ်ဆိုတာတော့ ပြောလို့ရတယ်။ ခါတိုင်းနှစ်တွေမှာတော့ ပြည်ထောင်စုနေ့လာရင် ကားပါမစ်ပဲ ပေးတာကိုးဗျ။ ဒါပေမယ့် ဒီပြည်ထောင်စုနေ့ကတော့ တကယ့်ကိုပဲ နိုင်ငံရေးကတိက၀တ်တွေရအောင် လုပ်တဲ့အခါကျတော့ ကောင်းတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ နောက်ပြီးတော့ ပြည်ထောင်စုရဲ့ အကြီးအကဲ ၃ ဦးအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့စလုံးတွေ့တာကလည်း ပထမဆုံးအကြိမ်လို ဖြစ်သွားတယ်။ အဲ့ဒါကလည်း ရေရှည်မှာ ကောင်းတဲ့လက္ခဏာ ရှိတာပေါ့။ ဒါမှသာ ပွင့်ပွင့်လင်းလင်းပြော၊ ပွင့်ပွင့်လင်းလင်း နှီးနှောဖလှယ်ပြီးတော့ သူ့သဘောထား၊ ကိုယ့်သဘောထားတွေ သိရတယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဒီ လုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။”

A d v e r t i s e m e n t With Us

More News
Up