အယ်ဂျားဇီးယား သတင်းထောက် ၂ ဦးကို အာမခံဖြင့် အီဂျစ်အစိုးရ ပြန်လွှတ်

1K
အီဂျစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ အယ်ဂျားဇီးယားရုပ်သံ သတင်းထောက် ၂ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမှုကိုဆိုင်းငံ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
[caption id="attachment_81472" align="aligncenter" width="624"]
ဘဟာ မိုဟာမက်နှင့် မိုဟာမက် ဖာမီ (၀ဲမှယာ) ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]
မိုဟာမက် ဖာမီ (Mohamed Fahmy) နဲ့ ဘဟာ မိုဟာမက် (Baher Mohamed) တို့ ၂ ဦးကို သြစတြေးလျသတင်းထောက် ပီတာ ဂရတ်တယ် Peter Greste နဲ့အတူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးထောင်ချခဲ့တာပါ။
ပီတာဂရတ်တယ်ကတော့ ပြီးခဲ့တဲ့အပတ်က နယ်နှင်ဒဏ်နဲ့ အီဂျစ်အစိုးရက ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
သူတို့တွေဟာ အကြမ်းဖက်မွတ်စလင် ညီအစ်ကိုတော်များပါတီကို ထောက်ခံတဲ့ မမှန်မကန်သတင်းတွေကို ကာတာနိုင်ငံ အခြေစိုက် အယ်ဂျားဇီးယားရုပ်သံကို ပေးပို့မှုစွဲချက်နဲ့ ရုံးတင်ထောင်ချခံရတာပါ။
သူတို့ကတော့ အစိုးရစွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ပြီးခဲ့တဲ့လကမှ သူတို့ရဲ့အမှုကို အယူခံနဲ့ အစိုးရက ပယ်ဖျက်ပေးလိုက်တာလည်းဖြစ်ပါတယ်။
ကနေဒါနိုင်ငံသား ခံယူထားတဲ့ ဖာမီ ကတော့ အာမခံ အမေရိကန်ဒေါ်လာ ၃၃၀၀၀ နဲ့ ပြန်လွတ်ခဲ့ပြီး အီဂျစ်နိုင်ငံသား မိုဟာမက်ကတော့ အာမခံပေးစရာမလိုပဲ ပြန်လွတ်ခဲ့တာပါ။
သူတို့အမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထပ်မံကြားနာဦးမယ်လို့ တရားသူကြီးက ပြောဆိုပါတယ်။
ဖာမီ နဲ့ စေ့စပ်ထားသူရော၊ မိုဟာမက် ရဲ့ ဇနီးတို့က သူတို့ ၂ ဦး လွတ်မြောက်လာမှုအတွက် အီဂျစ်အစိုးရကို ကျေးဇူးတင်ကြောင်း အမှုက လုံးဝလွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုသွားမယ်လို့ မိုဟာမက်ရဲ့ဇနီးဖြစ်သူက ပြောပါတယ်။