A d v e r t i s e m e n t With Us

အိုင်အက်စ်အဖွဲ့ကို စီးပွားရေးကန့်သတ်ရန် ကုလသမဂ္ဂ အတည်ပြု

အိုင်အက်စ်အဖွဲ့ရဲ့ စီးပွားဘက်တွေနဲ့ ပြန်ပေးငွေပေးတဲ့ကိစ္စတွေကို ကန့်သတ်မယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) အဖွဲ့နဲ့ စီးပွားရေးဆက်စပ်တဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကို မဆို ပိတ်ဆို့ အရေးယူဖို့၊ အိုင်အက်စ်အဖွဲ့ကို ပြန်ပေးငွေ မပေးဖို့ ဒီဥပဒေက တောင်းဆိုတာပါ။ အိုင်အက်စ်အဖွဲ့ဟာ ရေနံရောင်းရငွေ ၁ ရက်ကို အမေရိကန်ဒေါ်လာ ၁.၆၅ သန်း ၀င်ငွေရှိပြီး ပြန်ပေးငွေတွေကနေ ရတဲ့ဝင်ငွေကလည်း ၁ နှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၅ သန်းရှိတယ်လို့ ကုလသမဂ္ဂက တွက်ချက်ထားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အိုင်အက်စ်အဖွဲ့ရဲ့ အဓိကရေနံထွက်ပေါက် ဖြစ်တဲ့ တူရကီနိုင်ငံကို ကန့်သတ်ဖို့ ဖြစ်တယ်လို့ ယုံကြည်ရပြီး ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက ရေနံသယ်ကားတွေ တူရကီနယ်စပ်ကို မကြာခဏ ရောက်ရှိနေကြတာပါ။ مجلس-الامن-620x330ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကတော့ ၄ နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီဟာ အခုလို ဘယ်တုန်းကမှ မညီညွတ်ခဲ့ကြပဲ အဲဒီလို မညီညွတ်လို့ပဲ အိုင်အက်စ်အစွန်းရောက်အဖွဲ့ ပေါ်ပေါက်လာတာလို့ ပြစ်တင် ပြောဆိုပါတယ်။ ဒီဥပဒေကြမ်းကို ရေးဆွဲခဲ့တဲ့ ရုရှားနိုင်ငံက အခုလို ကိစ္စမျိုးဟာ အားလုံး ၀ိုင်းဝန်းကြိုးစားမှ ရမယ့်ကိစ္စလို့ ယုံကြည်တယ်ကြောင်း ပြောဆိုပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆက်ဘက်ကို ကာကွယ် ထောက်ခံပေးနေတာကြောင့် လုံခြုံရေးကောင်စီမှာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး ဘယ်လိုမှ ဆုံးဖြတ်ချက်မချနိုင်ပဲ ဖြစ်နေတာပါ။ အိုင်အက်စ်ကို စီးပွားရေး ကန့်သတ်ဖို့အဆိုကို တညီတညွတ်တည်း ထောက်ခံခဲ့ကြပေမယ့် အိုင်အက်စ်ကို တရားဝင် စစ်အင်အားသုံး တိုက်ခိုက်ဖို့ကိုတော့ ဒီဆုံးဖြတ်ချက်က ခွင့်မပြုပါဘူး။ အစည်းအဝေးအပြီး ဆီးရီးယားနဲ့ အီရတ်သံအမတ်တွေကလည်း ဒီဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုခဲ့ကြပြီး လုံခြုံရေးကောင်စီရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up