A d v e r t i s e m e n t With Us

အပစ်ရပ်စဲရေး မလိုက်နာပါက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှု အီးယူတိုးမြင့်မည်

ယူကရိန်းပြည်တွင်းစစ် အပစ်အခတ်ရပ်စဲရေးမှာ ရုရှားနိုင်ငံက မလိုက်နာရင် အီးယူက နောက်ထပ် စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးလိုက်ပါတယ်။ [caption id="attachment_81423" align="alignright" width="345"]ရုရှားသမ္မတ ပူတင်၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် ယူကရိန်းသမ္မတ  ပတ်ထရို ပိုရို ရှန်ကို (၀ဲမှယာ) ရုရှားသမ္မတ ပူတင်၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် ယူကရိန်းသမ္မတ ပတ်ထရို ပိုရို ရှန်ကို (၀ဲမှယာ)[/caption] တကယ်လို့ ရုရှားက မလိုက်နာရင် ဒီပိတ်ဆို့မှုတွေအတွက် ပြင်ဆင်ထားဖို့ကိုလည်း အီးယူခေါင်းဆောင်တွေက ညွန်ကြားထားပြီးဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရုရှား၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ်ခေါင်းဆောင်တွေ ဘီလာရုစ်နိုင်ငံမှာ ၁၆ နာရီကြာ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တာပါ။ အပစ်အခတ်ရပ်စဲရေးကို လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညသန်းခေါင်မှာ စတင်မှာဖြစ်ပြီး တိုက်ပွဲဒေသတွေက လက်နက်ကြီးတွေ ပြန်ရုပ်သိမ်းရေး၊ စစ်သုံ့ပန်းတွေ ဖလှယ်ရေးတွေ ပါဝင်ပြီး သဘောတူညီချက်တွေကို ဘယ်လောက်လိုက်နာမှု ရှိမလဲဆိုတာကိုတော့ နှစ်ဖက်စလုံးက သံသယဖြစ်နေကြပါတယ်။ တခြား ဖြေရှင်းစရာ အရေးကြီးအချက်အလက်တွေလည်း ကျန်သေးတယ်လို့လည်း ဆိုပါတယ်။ ရုရှားကျောထောက်နောက်ခံ သူပုန်ခေါင်းဆောင်ကတော့ တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကတော့ ရှေ့တန်းတွေမှာ တိုက်ပွဲအရှိန် သိသိသာသာ ကျခဲ့ပေမယ့် လုံးဝ ရပ်ဆိုင်းသွားခြင်းတော့ မရှိပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဂျာမန်ဝန်ကြီးချုပ်ကပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာရင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့လည်း ပြောဆိုထားပါတယ်။ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုကတော့ ရုရှားနိုင်ငံဟာ လက်မခံနိုင်စရာအချက်တွေကို တောင်းဆိုတယ်လို့ ပြောဆိုပြီး သဘောတူညီချက်ရရချင်းမှာပဲ သူပုန်တွေက ထိုးစစ်တွေ စတင်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာပဲ ကမ္ဘာ့ဘဏ်က ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့ဖို့ အဆင်သင့်ဖြစ်ပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၁ နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းပြည်တွင်းစစ်အတွင်း သေဆုံးသူအားလုံး ၅၅၀၀ နီးပါးရှိခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up