A d v e r t i s e m e n t With Us

မဲဆောက်တွင် ထိုင်းအလုပ်ရှင်နှင့် မြန်မာအလုပ်သမားများ အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အာဏာပိုင်တွေက လုပ်ငန်းခွင်တွေထဲ  ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကြောင့်  ထိုင်းအလုပ်ရှင်တဦးနဲ့ မြန်မာအလုပ်သမား ၃၅ ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ မဲဆောက်က လက်ထောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းကလစ်ဆဒ် ဘွန်းထောင်းန် ဦးဆောင်ပြီး ထိုင်းစစ်တပ်၊ ရဲ နဲ့ မြို့နယ် အလုပ်သမားရှာဖွေရေးရုံးက တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ လိုက်လံပြီး တရားမ၀င် အလုပ်သမား၊ စည်းကမ်းနဲ့မညီတဲ့ အလုပ်သမားတွေ လိုက်လံစစ်ဆေးရာမှာ ခုလို ဖမ်းဆီးမိတာ  ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ ၃၅ ဦးမှာ အများစုက ဘာသက်သေအထောက်အထားမှ မရှိဘဲ၊ ကျန်တဲ့ ၃ ဦးမှာတော့ လက်မှတ်ရှိပေမယ့် အလုပ်နေရာ နဲ့ အလုပ်အမျိုးအစားဟာ လက်မှတ်ပါ ဖော်ပြချက်နဲ့ မကိုက်ညီဘူးလို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ မနေ့က ဖမ်းဆီးခံရတဲ့ထဲမှာ အသက် ၄၆ နှစ်ရှိ  နိုင်းဆူဖတ် ဘုန်းချမတ် ဆိုသူ အလုပ်ရှင်တဦးလည်း ပါဝင်ပြီး တရားမ၀င်အလုပ်သမား လက်ခံငှားရမ်းမှု၊ အလုပ်သမားဥပဒေ မလိုက်နာမှုတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ထိုင်းမန်နေဂျာ အွန်လိုင်းသတင်းမှာတော့ ဖေဖော်ဝါရီ ၁၂ ရက်ဖမ်းဆီးမှု ဖြစ်ပြီးတဲ့နောက် ဒီကနေ့မှာတော့  အလုပ်ရုံနဲ့ ဈေးဆိုင်တွေမှာ အလုပ်သမားတွေ တော်တော်များများ  ပျောက်ကုန်ကြောင်း၊ အများစုဟာ မြန်မာဘက်ခြမ်းကနေ တရားမ၀င်လာရောက်လုပ်ကိုင်ကြတဲ့ အတွက် အဖမ်းခံရမှာစိုးလို့ ရှောင်တိမ်းနေတာ ဖြစ်တယ်လို့ အလုပ်ရှင်တဦးက ပြောကြောင်း ဖော်ပြသွားပါတယ်။ ဓာတ်ပုံ - ဒီဗွီဘီ [gallery ids="81406,81407,81408,81409,81410,81411,81412"]

A d v e r t i s e m e n t With Us

More News
Up