A d v e r t i s e m e n t With Us

ပဲခူးအာဏာပိုင်​များ တားဆီးသဖြင့် ဗိုလ်​ချုပ်​​မွေး​နေ့ဆွမ်း လမ်း​ဘေးတွင်​ကပ်​ရ

ဗိုလ်​ချုပ်​​မွေး​နေ့အမှတ်​တရ အဖြစ်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ ၀င်းအတွင်းမှာ သံဃာ​တွေကို ဆွမ်းကပ်​ဖို့ စီစဉ်​​နေတုန်းမှာ စည်​ပင်​သာယာက လာ​ရောက်​တားဆီးတဲ့အတွက်​ ၀င်းအပြင်​ဘက်​ လမ်း​လေးမှာပဲ ပြုလုပ်​ခဲ့ရပါတယ်​။ "မနက်​ ၆ နာရီ​လောက်​ ဆွမ်းကပ်​ဖို့ လုပ်​​နေတုန်း မြို့နယ်​ စည်​ပင်​အုပ်​ချုပ်​​ရေးမှူးက လာတားတယ်​။ ခွင့်​ပြုချက်​ယူထားလား​မေးတယ်​။ ဒါဟာ စည်​ပင်​ပိုင်​မို့ ခွင့်​မပြုဘူးလို့ ​ပြောတယ်​။ ဗိုလ်​ချုပ်​က စည်​ပင်​ပိုင်​တာလား" လို့ ပဲခူးမြို့ ဗိုလ်​ချုပ်​ချစ်​သူများကွန်​ရက်​က ကို​အေးမင်းဦးက ​ပြောပါတယ်​။ ​၂၀၁၅ ခုနှစ်​ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ဗိုလ်​ချုပ်​​အောင်​ဆန်း ​နှစ်​ ၁၀၀ ပြည့်​ ​မွေး​နေ့ဖြစ်​ပြီး အစိုးရအပါအ၀င်​ အဖွဲ့အစည်း ​တော်​​တော်​များများက တ​နိုင်​ငံလုံးမှာ ပုံစံ မျိုးစုံနဲ့ ဂုဏ်​ပြုကျင်းပ​နေကြပါတယ်​။ ဓာတ်​ပုံ - ဂျမား [gallery ids="81386,81387,81388,81389,81390,81391,81392,81393,81394,81395"]

A d v e r t i s e m e n t With Us

More News
Up