တရုတ်-အာဆီယံ ဘောလုံးပြိုင်ပွဲ မြန်မာ ယူ ၁၅ ပါဝင်မည်
တရုတ်နိုင်ငံ၊ ဂွမ်ဇီ ပြည်နယ်၊ ဒေါင်ဇင် မြို့တော်မှာ ကျင်းပမယ့် တရုတ်-အာဆီယံ လူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာ ယူ-၁၅ အသင်း ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်က သတင်းထုတ်ပြန်ပါတယ်။
၂၀၁၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပမဲ့ ပြိုင်ပွဲမှာ အိမ်ရှင် တရုတ် ယူ-၁၅ အသင်းနဲ့အတူ မြန်မာ၊ မလေးရှား၊ ဗီယက်နမ် ယူ-၁၅ အသင်းတို့ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို အုပ်စုပတ်လည် စနစ်နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အုပ်စု အမှတ်အများဆုံး ထိပ်ဆုံး (၂) သင်း ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။