A d v e r t i s e m e n t With Us

စပိန် ဓာတုစက်ရုံ ပေါက်ကွဲ၊ အဆိပ်သင့်ဓာတ်ငွေ့များ ပျံ့နှံ့

စပိန်နိုင်ငံမြောက်ပိုင်းက ဓာတုစက်ရုံတရုံ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပေါက်ကွဲမှုကြောင့်  အနည်းဆုံး ၃ ဦး ဒဏ်ရာရပြီး အစ်ဂွါလာဒါမြို့နားက လူနေအိမ်ဝန်းကျင်တွေကို အဆိပ်သင့်ဓာတ်ငွေ့တွေ ပျံ့နှံ့သွားပါတယ်။ အဆိပ်သင့်ဓာတ်ငွေ့တွေ ဒေသတွင်း ပြန့်နှံ့နေလို့ အာဏာပိုင်တွေက ဘာစီလိုနာမြို့နားက မြို့ငယ်အတော်များများက ဒေသခံတွေ အိမ်တွင်းမှာ နေကြဖို့ အကြံပြု ထားပါတယ်။ စပိန်ကုမ္ပဏီ စီမာက ပိုင်တဲ့ ဓာတုဗေဒစက်ရုံဆီကို ဓာတုပစ္စည်းတွေ သယ်လာတုန်း ဓာတုပစ္စည်း ၂ မျိုး ထိတွေ့ရာက ပေါက်ကွဲမှု ဖြစ်ခဲ့ပုံရတယ်လို့ ကာတာလိုနီးယားဒေသအစိုးရရဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။ စီမာကုမ္ပဏီကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ ဒေသတွင်းက လမ်းတချို့နဲ့ မီးရထားလိုင်းတလိုင်းကို ပိတ်ခဲ့ပြီး ဘေးကင်းရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လူတွေ ပြတင်းတံခါးတွေ ပိတ်ပြီး အိမ်ထဲမှာ နေကြဖို့ ကာတာလန် အာဏာပိုင်တွေက ပြောပါတယ်။ အဆိပ်သင့်ဓာတ်ငွေ့ သက်ရောက်ခံရတဲ့မြို့နယ် ၆ ခုမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အိမ်ထဲမှာ နေဖို့ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက အကြံပြုထားပေမယ့် တချို့နေရာတွေမှာတော့ အပြင်မထွက်ရအမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ပါဝင်ဓာတုပစ္စည်း ၂ ခုထဲက နိုက်ထရစ်အက်ဆစ်ဟာ တိုက်စားနိုင်စွမ်းရှိပြီး အဆိပ်လည်း ရှိတယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းမှာတော့ အာဏာပိုင်တွေက အဆိပ်သင့်မှု စိုးရိမ်ချက်ကို ပယ်ချခဲ့ပြီး ကာတာလိုးနီးယား တောင်ကြားကို ဖုံးအုပ်နေတဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေနဲ့ ပတ်သက်တဲ့ တပ်လှန့်မှုကို အဆင့်လျော့ချခဲ့ပါတယ်။ ဓာတ်ပုံ - .nbcnews [gallery ids="81313,81314,81315,81316"]

A d v e r t i s e m e n t With Us

More News
Up