သပိတ်စစ်ကြောင်း ၁ ရက် ရပ်နားပြီး ဗိုလ်ချုပ်ရာပြည့်ပွဲ ဆင်နွှဲ

2.1K
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ပေါင်းတည်မြို့မှာ ၁ ရက်တာ ရပ်နားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
[caption id="attachment_81308" align="aligncenter" width="831"]
ဖေဖော်ဝါရီ ၁၂ ရက် ပေါင်းတည်မြို့ အာဇာနည်ကျောက်တိုင်ရှေ့ မြင်ကွင်း[/caption]
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေါင်းတည်မြို့ကို ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ဆက်လက် ချီတက်မှုတွေကို မပြုလုပ်ပဲ ပေါင်းတည်မြို့ ဗိုလ်ချုပ်ရာပြည့်ပွဲကို ဆင်နွှဲနေကြပါတယ်။
ဗိုလ်ချုပ်ရာပြည့်မွေးနေ့နဲ့ တိုက်ဆိုင်စွာရောက်ရှိလာခဲ့တဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကြောင့် မြို့ခံ ပြည်သူလူထုတွေဟာ ဂုဏ်ယူဝမ်းမြောက်နေကြတယ်လို့ မြို့ခံ ကိုဇော်လွင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ လက်ရှိ ချီတက်နေကြတဲ့ သပိတ် စစ်ကြောင်းတွေ ရပ်ဆိုင်းဖို့ ကိစ္စကို ဆွေးနွေးသွားမယ်လို့ ကျောင်းသားတွေက ကြေညာထားပါတယ်။
မန္တလေးမြို့ကနေ ရန်ကုန်မြို့ထိ ခရီးရှည် ချီ တက်နေကြတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကတော့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက် အတွက် တိကျ သေချာပြီး ခိုင်မာတဲ့ အာမခံချက်တွေ ရရှိဖို့ ဖိအားပေးတဲ့ အနေနဲ့ ချီတက်မှုတွေကိုဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။