ယူကရိန်းလွှတ်တော်က လက်ဝှေ့ထိုးပွဲ

932
ယူကရိန်းလွှတ်တော်အမတ် ၂ ဦး ဖေဖော်ဝါရီ ၁၂ ရက်နေ့က လွှတ်တော်ခန်းမ အပြင်ဘက်မှာ ခိုက်ရန်ဖြစ်ဖြစ်ပွားခဲ့လို့ အမတ်တဦး နှာခေါင်းသွေးထွက်သွားပါတယ်။
ကိုယ့်အားကိုယ်ကိုးရေးပါတီ(Samopomich) အမတ် ရီဂေါ့ ဆိုဘိုလက်ဗ်Yegor Sobolevနဲ့ အဖမြေပါတီ (Batkivshchyna) က လွှတ်တော်အမတ် ဗာဒန်း အီယန်ချန်ကို(Vadim Ivchenko) တို့ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးတွေက ဖျန်ဖြေခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ရန်ပွဲဖြစ်ခဲ့တာလို့ အစီရင်ခံပါတယ်။
လွှတ်တော်ကော်မတီကတော့ အမတ် ၂ ယောက်လုံးကို လွှတ်တော်တက်မှု ၅ ရက် ရပ်ဆိုင်းဖို့ အကြံပြုခဲ့ပါတယ်။