၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပြီး တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အက်စတွန်ဗီလာအသင်းနည်းပြကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဗီလာအသင်းရဲ့ အင်တာနက်စာမျက်နှာမှာ နည်းပြ ပေါ်လမ်ဘာ့တ်နဲ့ လမ်းခွဲလိုက်ပြီး ပထမအသင်းနည်းပြ စကော့ မာရှဲလ်နဲ့ ဂိုးနည်းပြ အန်ဒီမာရှဲလ်တို့က လာမယ့်စနေနေ့ FA ဖလားပွဲအတွက် အသင်းကို ဆက်လက်ပြင်ဆင်သွားပါမယ်လို့ ကြေ ညာချက်ထုတ်ပြန်ပါတယ်။
အသက် ၄၅ နှစ်အရွယ် နည်းပြ လမ်ဘာ့တ်ဟာ ၂၀၁၂ ခုနှစ်က စပြီး အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
ပြီးခဲ့ ၂ ရာသီမှာလည်း တန်းဆင်းဇုန်က လွတ်တဲ့ အခြေအနေလောက်မှာ ရှိပြီး အခုနှစ်ကလည်း ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဟားလ်စီးတီး ကို ၂ ဂိုးပြတ် နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေက သူ့ကို အသင်းကနေ နုတ်ထွက်ဖို့ ဆိုင်းဘုတ်တွေ ကိုင်ပြီး တောင်းဆိုခဲ့ကြပါတယ်။
ဗီလာမှာ နောက်ဆုံး ၂၁ ပွဲတွင် ၂ ပွဲသာ အနိုင်ရပြီး အသင်းက တန်ဆင်းဇုန်ထဲ ရောက်သွားပါတယ်။
လိဂ်ဖလားမှာလည်း တတိယတန်းကလပ် လေတန် အော်ရီးယန့်အသင်း ကို ရှုံးပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါတယ်။ FA ဖလား မှာတော့ ပဉ္စမအဆင့်ကို ရောက်နေပါတယ်။