A d v e r t i s e m e n t With Us

ကိုးကန့်ဒေသ စစ်ပြေးဒုက္ခသည်များ လားရှိုးမြို့ပေါ်ထွက်ပြေး

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ပစ်ခတ်မှုတွေ အပြင်းအ ထန်ဖြစ်ပွားပြီးတဲ့နောက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ လားရှိုးမြို့ပေါ် ထွက်ပြေး ခိုလှုံလာကြပါတယ်။ ဒုက္ခသည်တွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းအထိ လားရှိုးမြို့ပေါ် နေရာအနှံ့မှာ ခိုလှုံနေကြပြီး အထက ၁ မှာတော့ ၂၀၀ ကျော်ရှိတယ်လို့  အထက ရုံးအုပ်စာရေးမကြီး ဒေါ်ခင်မြင့်ကြည်က ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_81290" align="aligncenter" width="552"]10978486_432200923594186_3090632145337024789_n လာရှိုးမြို့ရောက် ဒုက္ခသည်များ (ဓာတ်ပုံ - မင်းဇော်)[/caption]   [caption id="attachment_81289" align="aligncenter" width="552"]ဓာတ်ပုံ - မင်းဇော် ဓာတ်ပုံ - မင်းဇော်[/caption] “ပြေးလာတဲ့ လူတွေက လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော် နဲ့  မော်ထိုက်က ဖြစ်ပါတယ်။ တချို့က ကားနဲ့ ၊ တချို့ကဆိုင်ကယ်၊ တချို့က ခြေလျင်လျှောက်လာတာ။ ကျမတို့ကျောင်းမှာတော့ ပညာရေးဝန်ထမ်းမိသားစုတွေ များပါတယ်ရှင့်။” ဒုက္ခသည်တွေအတွက် ကြက်ခြေနီ၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ စေတနာရှင်တွေကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လာပို့ထားတယ်လို့ ဆိုပါတယ်။ လားရှိုးမြို့က နေရာ ၄ ခုလောက်မှာ ဒုက္ခသည်စခန်းဖွင့်လှစ်ထားပြီး တနေရာကို ၃ ရာလောက်ရှိတယ်လို့ ဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့တဲ့ ဒေသခံ မချွန်းချွန်းက ပြောပါတယ်။ “ဒီနေ့ ရောက်ခဲ့တာကတော့ ရတနာဇီရုံကျောင်းမှာလည်းရှိတယ်။ မန်ဆူရှမ်းကျောင်းမှာ ၃၀၀ လောက်ရှိတယ်။ မန်ဆူဗမာကျောင်းမှာတော့ ၅၀ လောက်ပဲရှိမယ်။ ဒါပမေယ့် သူတို့က ကားဂိတ်တွေအထိ လိုက်ပြီး ဒုက္ခသည်တွေကို လိုက်တော့ခေါ်နေတယ်။ နောက် အထက ၁ မှာကတော့ ဆရာမ ၀န်ထန်းတွေလည်း ၃၀၀ ရောက်နေတယ်”  လို့ ပြောပါတယ်။ ဒါ့အပြင် တချို့ ဒီကနေ့ရောက်လာတဲ့ ဒုက္ခသည်တွေဟာ အောက်ပြည်အောက်ရွာက လူတွေဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းက လမ်းစရိတ်တွေ ထုတ်ပေးပြီး သူတို့ နေရပ်ကို ပြန်သွားတာတွေရှိတယ်လို့လည်း မချွန်းချွန်းက ပြောပါတယ်။ ၁၁ ရက်နေ့မှာ ထွက်ပြေးလာသူတွေအဆိုအရ လောက်ကိုင်မြို့ပေါ်မှာ အရပ်သားမရှိသလောက် ထွက်ပြေးကုန်ကြပြီး ကျောင်းတွေ အလုပ်ရုံတွေအားလုံးပိတ်ထားတယ်လို့ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up