အီတလီအပျော်စီးသင်္ဘောကြီး နစ်မြုပ်မှု ကပ္ပတိန်ကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်

၂၀၁၂ ခုနှစ်က အီတလီ အပျော်စီးသင်္ဘောကြီး Costa Concordia တိမ်းမှောက်ခဲ့မှုအတွက် သင်္ဘောကပ္ပတိန်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထောင်ဒဏ် ၁၆ နှစ် ချလိုက်ပါတယ်။
သင်္ဘောတိမ်းမှောက်ချိန်မှာ ခရီးသည်အားလုံး ၄ ထောင်ကျော်ရှိပြီး ခရီးသည် ၃၂ ဦးသေဆုံးခဲ့တာပါ။
ခရီးသည်တွေ သေဆုံးမှုအတွက် ထောင်ဒဏ် ၁၀ နှစ်၊ သင်္ဘောပျက်စီးဆုံးရှုံးမှုအတွက် ၅ နှစ် နဲ့ ခရီးသည်တွေကိုပစ်ပြီး သင်္ဘောကို စွန့်ခွာမှုအတွက် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်ချခံရတာပါ။
အစပိုင်းက အစိုးရရှေ့နေတွေက ထောင်ဒဏ် ၂၆ နှစ် ချဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးက ၁၆ နှစ်ပဲ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၅၄ နှစ်အရွယ် ကပ္ပတိန် ဖရန်စစ်ကို စကတ်တီနို (Francesco Schettino) ကတော့ သင်္ဘောတိမ်းစောင်းနှစ်မြှုပ်မှုဟာ အားလုံးမှာ တာဝန်ရှိတာဖြစ်ပြီး သူတဦးတည်းကို အပြစ်ပုံချတယ်လို့ ပြစ်တင်ပြောဆိုပါတယ်။
ကပ္ပတိန် Schettino ရဲ့ သင်္ဘောကို ကိုင်တွယ်ခဲ့ပုံအပေါ် အစိုးရစုံစမ်းသူတွေက အပြင်းအထန်ပြစ်တင်ဝေဖန်ကြပါတယ်။
ပေ ၁ ထောင်နီးပါးအရှည်ရှိတဲ့ အပျော်စီးသင်္ဘောကို သတ်မှတ်လမ်းကြောင်းအတိုင်းမမောင်းပဲ ကမ်းနဲ့ အနီးကပ်ခုတ်မောင်းခဲ့တဲ့အတွက် သင်္ဘောဝမ်းဗိုက်နဲ့ ကျောက်ဆောင် တိုက်မိပြီး သင်္ဘောတိမ်းမှောက်နှစ်မြုပ်ခဲ့တာပါ။
Costa Concordia သင်္ဘော ပြန်လည်ဆယ်ယူရေး အချိန် ၂ နှစ်ခွဲကြာခဲ့ပြီး ကမ္ဘာ့ငွေကုန်ကြေးကျအများဆုံး သင်္ဘောဆယ်ယူရေး စီမံကိန်းလည်း ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="81265,81266,81267,81268,81269,81270"]