A d v e r t i s e m e n t With Us

၇ ပွဲဆက် အ၀ါကတ်စံချိန်တင်ခဲ့သည့် ဂျိုအီဘာတန်

ကျူပီအာအသင်း ကပ္ပတိန်  ကွင်းလယ်လူ ဂျိုအီဘာတန်ဟာ  ပရီးမီးယားလိဂ် သမိုင်းမှာ ၇ ပွဲ ဆက်တိုက် အ၀ါကတ် အပြခံရသူအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ [caption id="attachment_81193" align="alignleft" width="620"]ဂျိုအီဘာတန် (ဓာတ်ပုံ - Photograph Tony O'Brien,Action Images) ဂျိုအီဘာတန် (ဓာတ်ပုံ - Photograph Tony O'Brien,Action Images)[/caption] ပြီးခဲ့တဲ့ ဆန်းဒါးလန်းနဲ့ အဝေးကွင်း ကစားရတဲ့ပွဲမှာ ပွဲချိန် ၇၈ မိနစ်မှာ အ၀ါကတ် အပြခံခဲ့ရပြီး စံချိန်တင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ  ဒီဇင်ဘာ ၂၈ နောက်ပိုင်း ၇ ပွဲ ဆက်တိုက်အ၀ါကတ် ရခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ  ၆ ပွဲ ဆက်တိုက် အ၀ါကတ်ရခဲ့သူ ၂ ဦးရှိသေးပြီး သူတို့ တွေကတော့  ဗီလာက ကလပ်စ်၊ နယူးကာဆယ်က တီအိုတီတို့ ဖြစ်ပါတယ်။ ကစားကွင်းအထဲမှာရော ပြင်ပမှာပါ နာမည်ဆိုး ရှိနေတဲ့ ကွင်းလယ်ကစားသမား အသက် ၃၂ နှစ် အရွယ် ဘာတန်ဟာ နယူးကာဆယ် ကကစားသမားအဖြစ် ရှိနေစဉ်  ၂၀၁၀ က လည်း  ဆန်းဒါးလန်း ပရိသတ်တွေနဲ့ အချင်းများခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up