Home
မြန်မာသတင်း
သပိတ်စစ်ကြောင်းများ ရပ်မရပ် ကျောင်းသားများ ဆွေးနွေးပြီးမှ အတည်ပြုမည်
DVB
·
February 12, 2015
၎ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေကို သပိတ်စစ်ကြောင်းတွေမှာ ရှိတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပြီးမှ သပိတ် ရပ်၊ မရပ် အတည်ပြုမယ်လို့ သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တွေက ပြောပါတယ်။ Student 5အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းခန်းမမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ကျောင်းသားတွေ တင်ပြထားတဲ့ Pre Condition ၉ ချက်နဲ့ တောင်းဆိုချက် ၁၁ ချက်ထဲက  ၇ ချက်ကို သဘောတူပြီး ကျန် ၄ ချက်ကို မူအားဖြင့်သဘောတူထားပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ နှစ်ဖက်အလုပ်အဖွဲ့တွေက နည်းပညာဆိုင်ရာ ကိစ္စတွေကို ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။ လက်ရှိသပိတ်စစ်ကြောင်းတွေက ဆက်လက်ချီတက်မှာ ဖြစ်ပြီး သပိတ်ရပ်ဖို့ ဆွေးနွေးမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ရန်ကုန်အရောက် မချီတက်ဖို့ကို ကျောင်းသားတွေဘက်က သဘောတူပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024