A d v e r t i s e m e n t With Us

လေကြောင်းလိုင်းအားလုံး ဘေးကင်းရေး လုပ်ရန် ထိုင်ဝမ်အစိုးရ အမိန့်ထုတ်

ထိုင်ဝမ်အစိုးရဟာ သူ့နိုင်ငံတွင်းက လေကြောင်းလိုင်းအားလုံးကို ဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေအားလုံး ဆောင်ရွက်ကြဖို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမိန့်ထုတ်လိုက်ပါ တယ်။ TransAsia လေကြောင်းလိုင်းက အေတီအာ အင်ဂျင် ၂ လုံးတပ် လေယာဉ်တွေမောင်းဖို့ လေ့ကျင့်ပေးထားတဲ့ လေယာဉ်မှူးတွေကို လုပ်နိုင်စွမ်း စစ်ဆေးချက်ရလဒ်အရ လေယာဉ်မှူး ၂၀ ရာခိုင်နှုန်းက ကိုင်တွယ်ဖြေရှင်းမှု စစ်ဆေးချက်ကို ကျရှုံးတာ တွေ့ရလို့  လေယာဉ်မှူး တဝက်နီးပါးကို အလုပ်က ဆိုင်းငံ့ကြောင်း ကြေညာခဲ့ရပါတယ်။ ထိုင်ဝမ် လေကြောင်း စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က TransAsia လေကြောင်းလိုင်းက လေယာဉ်မှူး ၄၉ ဦးထဲက ၁၀ ဦးဟာ အင်ဂျင်ပျက်ချိန်အတွင်း လေယာဉ်ကို ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးချက်ကို ကျရှုံးခဲ့ကြောင်း ပြောပါတယ်။ တခြားလေယာဉ်မှူး ၁၉ ဦးထဲက မကျန်းမာတာနဲ့ ထိုင်ဝမ်နိုင်ငံထဲ မရှိတာကြောင့် စစ်ဆေးမခံရသေးပါဘူးလို့ ထိုင်ဝမ် အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ CAA က ပြောပါ တယ်။ စစ်ဆေးချက် မအောင်မြင်သူတွေနဲ့ စစ်ဆေးမခံရသေးသူ ၂၉ ဦးကို အလုပ်က ရပ်နားတယ်လို့  CAA က ပြောပါတယ်။ အရင်သီတင်းပတ်က အဲဒီလေကြောင်းလိုင်းရဲ့ ATR 72-600 လေယာဉ်တစီး တိုင်ပေမြို့နားက ကီးလွန်မြစ်ထဲ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသူ ၅၈ ဦးထဲ အနည်းဆုံး ၄၂ ဦး သေဆုံးအပြီး အာဏာပိုင်တွေက စစ်ဆေးဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က လေယာဉ်ပျက်ကျရာ နေရာနားကနေ အလောင်း ၂ လောင်း ထပ်ရခဲ့လို့ ပျောက်ဆုံးသူ ၁ ဦးသာ ကျန်တော့တယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြပါတယ်။ တိုင်ဝမ်အရာရှိတွေနဲ့ လုပ်ငန်းအကဲခတ်တွေကတော့ လက်ရှိသက်သေတွေအရ လေယာဉ်မှူးတွေက မတော်တဆ အင်ဂျင်ကို မှားပြီး ပိတ်မိတာ ဖြစ်နိုင်သလားဆိုတေဲ့ မေးခွန်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ လေယာဉ်ပျက်ကျမှုဟာ ၇လအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၉၅ နောက်ပိုင်း ဒီလေကြောင်း လိုင်းရဲ့ ၅ ကြိမ်မြောက် လေယာဉ်ပျက်ကျမှုလည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်ဝမ်ရဲ့ တတိယ အကြီးဆုံး လေကြောင်းလိုင်းရဲ့ ဘေးကင်းရေး စံချိန်စံညွှန်းတွေအပေါ် မေးခွန်းထုတ်မှုတွေ မြင့်တက်ခဲ့ပါတယ်။  ATR 72-600 လေယာဉ်ပျက်ကျခဲ့စဉ်က (ဓာတ်ပုံ - ရိုက်တာ) [gallery ids="81067,81068,81069"]

A d v e r t i s e m e n t With Us

More News
Up