အသင်းကြီးများ အနိုင်ရသွားသည့် ပရီးမီးယားလိဂ်

1.1K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေ အားလုံး အနိုင်ရရှိသွားပါတယ်။
ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ အဲဗာတန်းအသင်းကို ၈၇ မိနစ် ၀ီလီယံရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးကို ၇ မှတ်အသာ ၅၉ မှတ်နဲ့ ဆက်လက်ဦးဆောင်နေပါတယ်။
မန်စီးတီးအသင်းကတော့ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ စတုတ်စီးတီး အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။
မန်စီးတီးရဲ့ အနိုင်ဂိုးတွေကို ၃၃ မိနစ်ကျော်မှာ ဆာဂျီယို အဂူရိုက အဖွင့်ဂိုး သွင်းခဲ့ပေးခဲ့ပါတယ်။ အဲ့ဒီ့နောက်ငါးမိနစ်အကြာမှာ စတုတ်တိုက်စစ်မှူး Peter Crouch က ခြေပဂိုး ပြန်သွင်းပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာ ဂျိမ်းစ်မီလာက အနိုင်ဂိုးထပ်သွင်းခဲ့ပြီး ၆၉ မိနစ်ကျော်မှာ အဂူရိုက
တတိယ အနိုင်ဂိုးနဲ့ နာစရီက ၇၆ မိလောက်မှာ စတုတ္ထအနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။
မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဘန်လေအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပါတယ်။ မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ နောက်တန်းကစားသမား စမောလင်းက ၆ မိနစ်နဲ့ ၄၅ မိနစ်မှာ ၂ ဂိုးနဲ့ ၈၂ မိနစ်မှာ ဗန်ပါစီက ပင်နယ်တီကတဆင့် ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဘန်လေအသင်းအတွက် ဂိုးကိုတော့ အင့်စ်က ၁၂ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။