A d v e r t i s e m e n t With Us

ကျောင်းသားများ တောင်းဆိုချက်အားလုံး သဘောတူညီမှု ရရှိ

လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်လုံးကို အစိုးရဘက်က သဘောတူလိုက်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းခန်းမမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေ ဆွေးနွေး သဘောတူညီခဲ့ကြတာပါ။ ဒီသဘောတူညီချက်တွေကို အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတွင်း ထည့်သွင်းဖို့နဲ့ လွှတ်တော်ကို တင်ပြပြီး အဆုံးအဖြတ် ရယူဖို့ ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒေါ်ခင်စောဝေက “၁၁ ချက်စလုံးက အဆင်ပြေပါတယ်။ တခုတလေကိုတော့ တော်တော်အကြာကြီး ဆွေးနွေးရတယ် ပေါ့။ အစိုးရဘက်ကလည်း တော်တော်လေး လိုက်လျောပါတယ်။ ကျမတို့ လွှတ်တော်ဘက်က လည်းအစိုးရဘက်က တင်လာလို့ရှိရင် လွှတ်တော်ကလည်း လုပ်ပေးနိုင်တဲ့ဟာတွေကို လုပ်ပေးမယ်ပေါ့နော်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်က အယောက် ၆၀၀ ရှိတဲ့အတွက် အချို့အမြင်မတူတာတွေလည်းရှိမယ်ပေါ့။ တော်တော်လည်းဝမ်းသာပါတယ်။ ကျောင်းသားတွေ လည်း သူတို့ကျေနပ်ကြပါတယ်။ အန်အန်အီးအာကလည်း ကျေနပ်သလောက်ရှိတယ်ဆိုတော့ ၀မ်းသာတယ်” လို့ ပြောပါတယ်။ ဆွေးနွေးပွဲ ရလဒ်နဲ့ပတ်သက်ပြီး လေးပွင့်ဆိုင် ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ ညှိနှိုင်းနေကြပြီး မြန်မာစံတော်ချိန် ည ၆ နာရီခွဲထိတော့ မထုတ်ပြန်နိုင်သေးပါဘူး။   [gallery ids="81048,81049,81050,81051"]

A d v e r t i s e m e n t With Us

More News
Up