A d v e r t i s e m e n t With Us

ဂျော်ဒန်၏ အိုင်အက်စ်အဖွဲ့ချေမှုန်းမှု စစ်ဆင်ရေး ဘာရိန်းထောက်ခံ

ဂျော်ဒန်နိုင်ငံရဲ့ အိုင်အက်စ်အဖွဲ့ချေမှုန်းရေးစစ်ဆင်ရေးတွေအပေါ် ဘာရိန်းနိုင်ငံက ဆက်လက် ထောက်ခံအားပေး သွားမယ်လို့ ဂျော်ဒန်နိုင်ငံကို ရောက်ရှိလာတဲ့ ဘာရိန်းဘုရင် ဟာမတ်က ကတိပြုလိုက်ပါတယ်။ [caption id="attachment_81014" align="aligncenter" width="640"]ဘာရိန်းဘုရင်နှင့် ဂျော်ဒန်ဘုရင် (၀ဲမှယာ) ဘာရိန်းဘုရင်နှင့် ဂျော်ဒန်ဘုရင် (၀ဲမှယာ)[/caption] ဘာရိန်းဘုရင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဂျော်ဒန်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ပြီး ဂျော်ဒန်ဘုရင်အဗ္ဗဒူလာကိုယ်တိုင် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ဂျော်ဒန်လေယာဉ်မှူးတဦး အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း ဘုရင်ဟာမတ်က ဘာရိန်းပြည်သူတွေနဲ့ အစိုးရကိုယ်စား ပြောကြားခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ အစ္စလာမ်တရားတော်နဲ့ တခြားစီဖြစ်ပြီး ဒီလုပ်ရပ်မျိုး ဘယ်နိုင်ငံကမှ လက်ခံမှာ မဟုတ်ဘူးလို့လည်း ဘာရိန်းဘုရင်ဟာမတ်က ပြောဆိုပါတယ်။ ဒါကြောင့် ဂျော်ဒန်နိုင်ငံရဲ့ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုစစ်ဆင်ရေးမှာ အားပေး ကူညီမယ်လို့လည်း အထူးအလေးထား ပြောဆိုခဲ့ပါတယ်။ တခြားနယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ ဂျော်ဒန်ဘုရင်အဗ္ဗဒူလာက ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up