ဝပ်နေတဲ့ကျား၊ ပုန်းနေတဲ့ နဂါး "Crouching Tiger, Hidden Dragon"ဇာတ်ကားနဲ့ နိုင်ငံတကာမှာ ကျော်ကြားခဲ့တဲ့ တရုတ်မင်းသမီး ဇန်ဇီယီက မောင်းသူမဲ့ လေယာဉ်ဖြင့် လက်ထပ်ရန် ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။

အသက် ၃၆ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပနေစဉ်မှာ စေ့စပ်လက်စွပ်ပါ မောင်းသူမဲ့ လေယာဉ်နဲ့ ချစ်သူ တရုတ် အဆိုတော်နဲ့ တေးရေး ဆရာ ၀မ်ဖန်းက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဇန်ရဲ့မန်နေဂျာကလည်း ဒီလက်ထပ် ကမ်းလှမ်းမှုကို အတည်ပြုခဲ့တယ်လို့ အေပီ သတင်းမှာ ရေးပါတယ်။ ဇန်ကလည်း သူရဲ့ ဘလောက်မှာ ပေးလိုက်တဲ့ အဖြေကို မျှဝေခဲ့ပါတယ်။
ပြည့်စုံတဲ့ဘ၀ကို ပေးတဲ့အတွက် ကျေးဇူး တင်သလို အခက်အခဲတွေအားလုံး ပျောက်သွားပြီး အိုမင်းတဲ့အရွယ်အထိ လက်တွဲသွားမယ်လို့ အသက် ၄၃ နှစ် ၀မ်ကလည်း သူရဲ့ ဘလောဂ်မှာရေးပါတယ်။
ဇန်ဟာ "Rush Hour 2"၊ ''Memoirs of a Geisha" ၊ "Horsemen"ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ လက်ထပ်မယ်ဆိုရင်တော့ ဒါဟာ ဇန်အတွက် ပထမဆုံး လက်ထပ်တာ ဖြစ်သလို ၀မ်အတွက်တော့ တတိယ အိမ်ထောင် ဖြစ်လာမှာ ဖြစ်ပါတယ်။