ဖီဖာဥက္ကဋ္ဌ ယှဉ်ပြိုင်မည့်သူ ၄ ဦး စာရင်းထုတ်ပြန်

758
လာမယ့်မေလမှာ ကျင်းပ ပြုလုပ်ဖို့ ရှိတဲ့ ဖီဖာဥက္ကဋ္ဌရာထူးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လူ ၄ ဦး စာရင်းကို ဖီဖာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
[caption id="attachment_80953" align="alignright" width="315"]
ဆပ်ဘလတ္တာ[/caption]
ဝင်ရောက်ယှဉ်ပြိုင်သူတွေကို သတ်မှတ်ချက် ပြည့်မီမှု ရှိ၊ မရှိ ဖီဖာရွေးကောက်ပွဲ ကော်မတီက စစ်ဆေးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့တာပါ။
အခု ဖီဖာဥက္ကဋ္ဌအဖြစ် အရွေးခံမယ်သူတွေကတော့ လက်ရှိ ဥက္ကဋ္ဌ ဆွစ်ဇာလန်ပြည်သား ဆပ်ဘလတ္တာ၊ ပေါ်တူဂီ လက်ရွေးစင်ဟောင်း လူးဝစ် ဖီဂို၊ လက်ရှိ ဖီဖာဒုတိယဥက္ကဋ္ဌ ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်နဲ့ ဒက်ခ်ျဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုက်ကယ် ဗန် ပရာ့ဂ်တို့ ဖြစ်ပါတယ်။
[caption id="attachment_80954" align="alignright" width="320"]
လူးဝစ် ဖီဂို[/caption]
ဂျော်ဒန်အိမ်ရှေ့မင်းသားတဦး ဖြစ်တဲ့ အလီ ဘင် အလ် ဟူစိန်က တော့ ဖီဖာ ရဲ့ လက်ရှိစနစ်တွေကို ပြုပြင်ပြောင်းလဲချင်ပြီး ပိုမိုပွင့်လင်းမြင် သာအောင် ပြုလုပ်ချင်တယ် လို့ ပြောဆိုထားတာရှိပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား ပေါ်တူဂီသား ဖီဂိုကတော့ ဘောလုံးဟာ သူ့ဘ၀ကို မြှင့်တင်ပေးခဲ့တဲ့ အရာ ဖြစ်တာကြောင့် ဘောလုံးလောက တိုးတက်ရေးအတွက် လုပ်ဆောင်ချင်တယ်လို့ ပြောဆိုပါတယ်။
[caption id="attachment_80955" align="alignright" width="321"]
မိုက်ကယ် ဗန် ပရာ့ဂ်[/caption]
[caption id="attachment_80956" align="alignright" width="322"]
အလီ ဘင် အလ် ဟူစိန်[/caption]
လက်ရှိ ဥက္ကဋ္ဌ ဘလတ္တာဟာ ၁၉၉၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လာသူ ဖြစ်ပြီး အခုနှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဖီဖာရဲ့ ခြစားမှုစွပ်စွဲချက်တွေနဲ့ ပက်သက်ပြီး နာမည် ကျဆင်းနေသူ ဖြစ်ပေမယ့် သူပဲ ပြန်ရမယ်လို့ ရေပန်းစားနေပါတယ်။