
အသက် ၂၁ နှစ် အရွယ် ဟယ်ရီကိန်း ဟာ အခု ဘောလုံးရာသီမှာ စပါးအတွက် ပြိုင်ပွဲပေါင်းစုံမှာ ၂၂ ဂိုး သွင်းထားပြီး ဒီစံချိန် ဟာ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထဲမှာ အများဆုံး စံချိန် ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် မတ် ၂၇ ရက်နေ့ မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် လစ်သူယေးနီးယားနဲ့ ၀င်ဘလေကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အီတလီနဲ့ ခြေစမ်းပွဲကိုလည်း ကစားဖို့ ရှိပါတယ်။