ဟယ်ရီကိန်း အင်္ဂလန်လက်ရွေးစဉ်ဖြစ်သင့်ပြီဟု ဒေးဗစ်ဘက်ခမ်းပြော

662
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်လက်ရွေးစင် ဖြစ်သင့်ပြီလို့ အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းက ပြောဆိုလိုက်ပါတယ်။
အသက် ၂၁ နှစ် အရွယ် ဟယ်ရီကိန်း ဟာ အခု ဘောလုံးရာသီမှာ စပါးအတွက် ပြိုင်ပွဲပေါင်းစုံမှာ ၂၂ ဂိုး သွင်းထားပြီး ဒီစံချိန် ဟာ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထဲမှာ အများဆုံး စံချိန် ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် မတ် ၂၇ ရက်နေ့ မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် လစ်သူယေးနီးယားနဲ့ ၀င်ဘလေကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အီတလီနဲ့ ခြေစမ်းပွဲကိုလည်း ကစားဖို့ ရှိပါတယ်။