A d v e r t i s e m e n t With Us

နယ်စပ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်က မြန်မာကို တိုက်တွန်း

တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့ တရုတ်အစိုးရက မြန်မာကို တိုက်တွန်းလိုက်ပါတယ်။ [caption id="attachment_80932" align="aligncenter" width="500"]ဟွာချွန်ယင်း ဟွာချွန်ယင်း[/caption] ဖေဖော်ဝါရီ ၉ ရက် ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)နဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့အပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်ယင်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တရုတ်က မြန်မာအခြေအနေကို စိုးရိမ်ပူပန်သလို အရင်ရက်ပိုင်းက နယ်စပ်က နေထိုင်သူတွေက လုံခြုံရေးအတွက် တရုတ်နိုင်ငံထဲကို ၀င်ရောက်လာတဲ့အတွက် စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခြေအနေကို တရုတ်က အနီးကပ်စောင့်ကြည့် လေ့လာနေသလို မြန်မာကလည်း ကြိုးကြိုးစားစား လုပ်ဆောင်မယ်လို့ ယုံကြည်တဲ့အကြောင်း သူက ပြောပါတယ်။ သတင်းတွေအရ မနေ့ကအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို မြန်မာတပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း တရုတ်သတင်းမှာ ရေးပါတယ်။ ကိုးကန့်ဒေသက မြန်မာအစိုးရ စစ်စခန်းတွေကို အမ်အန်ဒီအေအေတပ်တွေက စတင် တိုက်ခိုက်ခဲ့ ပြီးတဲ့နောက်မှာ အစိုးရတပ်က ကာကွယ်တိုက်ခိုက်မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up