A d v e r t i s e m e n t With Us

ဂျော်ဒန်လေယာဉ်မှူး မီးရှို့သတ်ဖြတ်မှုကို ဆန့်ကျင်သူ ၆ ဦး အိုင်အက်စ် သတ်

ဂျော်ဒန်လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ဆန့်ကျင်သူ ၆ ဦးကို အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်)က သတ်ဖြတ်လိုက်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၂ ဦး ပါဝင်သလို မိုဆူးလ်က အရပ်သား ၄ ဦးလည်း ပါဝင်တယ်လို့ အီရတ် လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့ပြောခွင့်ရကို ကိုးကားပြီး ဘေရိုက်ဘတ် သတင်းဌာနက ရေးပါတယ်။ အင်တာနက် လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာကနေ ဝေဖန်ခဲ့လို့ အခုလို သတ်ဖြတ်တာလို့ သတင်းမှာ ရေးပါတယ်။ ဖမ်းဆီးထားတဲ့ ဂျော်ဒန်လေယာဉ်မှူးကို အိုင်အက်စ်အဖွဲ့က သတ်ဖြတ်တဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး သတ်ဖြတ်မှုအပေါ် ကမ္ဘာတ၀န်းက ပြင်းပြင်းထန်ထန် ရှုတ်ချ ဝေဖန်ခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ဟာ အစ္စလာမ်ရဲ့ ရန်သူဖြစ်တယ်လို့  ဆော်ဒီအာရေဗျနိုင်ငံက ပြောပါတယ်။ အိုင်အက်စ်နဲ့ ဆက်နွှယ်နေတဲ့ လူမှုရေးကွန်ရက် တွစ်တာအကောင့်ကတော့ ဒီသတ်ဖြတ်မှုအပေါ် အောင်ပွဲခံခဲ့သလို ဆီးရီးယားက အိုင်အက်စ်ထိန်းချုပ်ရာနယ်မြေမှာတော့ ဗွီဒီယိုဖိုင်ကို ပြသပြီး အောင်ပွဲခံခဲ့ပါတယ်။ [gallery ids="80942,80938,80939,80940,80941"]

A d v e r t i s e m e n t With Us

More News
Up