အာဆင်နယ်နှင့်လီဗာပူလ်းတို့ အောင်ပွဲခံသည့် ပရီးမီးယားလိဂ်

1K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အာဆင်နယ်က လက်စတာ စီးတီး အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အာဆင်နယ် အသင်းအတွက် ဂိုးတွေကိုတော့ ကော့ရှ်ရှယ်နီနဲ့ ဝေါလ်ကော့တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့အတွက် အာဆင်နယ်အသင်းဟာ တပွဲအသာ ကစားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အထက် ဇယား နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
လီဗာပူလ်း အသင်းက တော့တင်ဟမ် အသင်းကို ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ လီဗာပူလ်းက ခေါ်ယူထားတဲ့ ဘာလော့တယ်လီရဲ့ ပရီးမီးယားလိဂ် ပထမဆုံးသွင်းဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
တခြားပွဲစဉ်တွေမှာတော့ ဟာလ်းစီးတီးက အက်စ်တွန်ဗီလာကို ၂ ဂိုး ဂိုးမရှိ၊ ကျူပီအာက ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
[gallery ids="80911,80912,80913,80914,80915"]