A d v e r t i s e m e n t With Us

သြစတြေးလျကမ်းခြေတွင် ဂျပန်အမျိုးသား ငါးမန်းကိုက် သေဆုံး

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် ကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဂျပန် အမျိုးသားတယောက် ဘာလီနာကမ်းခြေနားမှာ လှိုင်းစီးနေတုန်း ငါးမန်းကိုက်ခံရပြီး သေဆုံးခဲ့တဲ့အတွက် ကိုက်ခဲ့တဲ့ ငါးမန်းကို ရှာနေတယ်လို့ သြစတြေးလျ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အလျား ၉ မိုင်တလျှောက်က ကမ်းခြေအားလုံးကို ပိတ်ထားဆဲဖြစ်ပြီး အရင်တရက်က ဒီဧရိယာအတွင်း တိုက်ခိုက်ခဲ့ဖူးတဲ့ ငါးမန်းတကောင်တည်း ဟုတ်၊ မဟုတ် ရဲတွေက စုံစမ်း စစ်ဆေးနေပါတယ်။ အသက် ၄၁ နှစ်အရွယ် ဂျပန်အမျိုးသား တာဒရှိ နခဟရဟာ ပြင်းထန်တဲ့ ခြေထောက် ဒဏ်ရာ ကနေ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာပါ။ သူ့ရဲ့ သူငယ်ချင်းတွေက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကမ်းခြေမှာ ပန်းတွေ ချခဲ့ပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်က ငါးမန်းတိုက်ခိုက်မှု ဖြစ်ခဲ့ပေမယ့် ခုထိ ငါးမန်းရဲ့ အရိပ်အယောင်ကို မတွေ့ရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူ ဂျပန်အမျိုးသားဟာ ဘာလီနာဒေသမှာ နေထိုင်ခဲ့တာ ၁ နှစ် ရှိပြီး ဖြစ်ပြီး ဒေသတွင်း ရေလွှာလှိုင်းစီး ပျဉ်ချပ်တွေလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ [gallery ids="80902,80903,80904,80905"]

A d v e r t i s e m e n t With Us

More News
Up