A d v e r t i s e m e n t With Us

သီပေါစော်ဘွားဇာတ်ကား “Twilight Over Burma” ဇာတ်ဝင်ခန်းအချို့ (ဓာတ်ပုံများ)

စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ဖမ်းဆီးခံရပြီး ပျောက်သွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းကို သြစတြီးယားနိုင်ငံက ရုပ်ရှင် အဖြစ်ရိုက်ကူးထားပါတယ်။ အဲဒီရုပ်ရှင်ကို  သီပေါစော်ဘွားရဲ့မဟာဒေ၀ီ အင်ဂါဆာဂျင့် (စောသုစန္ဒီ)  ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ Twilight Over Burma: My Life as a Shan Princess စာအုပ်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့  သီပေါစော်ဘွား စ၀်ကြာဆိုင်အဖြစ် ထိုင်းနိုင်ငံက ဒီဂျေ  ဒါဝီရစ် ချုလာဆာပေ့၊  မင်းသမီး မဟာဒေ၀ီအဖြစ် သြစတြီးယားသရုပ်ဆောင် မာရီယာ အဲရစ်  တို့က သရုပ်ဆောင်ပြီး နန်းတွင်းအခြွေအရံတွေနဲ့  ရှမ်းပြည်သူတွေနေရာမှာတော့ ထိုင်းနိုင်ငံ သားတွေနဲ့  ရှမ်းရွှေ့ ပြောင်းအလုပ်သမားတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရသူ ရှမ်းတိုင်းရင်းသူ နန်းမွေနွမ်ဟွမ်က “ကျမက နန်းတွင်းအစေအပါးအနေနဲ့ ၅ ခန်းလောက်ပါဝင်ခဲ့ရပါတယ်ရှင့်။ စော်ဘွားကြီး သမီးတော်ကင်ပွန်းတပ်မင်္ဂလာခန်း၊ မြန်မာစစ်တပ်က ဟော်နန်းထဲ ၀င်လာတော့ ကြောက် နေရတဲ့အခန်း၊ ပြီးတော့ နိုင်ငံခြားသူ မဟာဒေ၀ီက ရှမ်းစကားသိချင်တာကို ကူပြောပေးတဲ့ အခန်းတွေပါ။ တခြားအလုပ်သမားတွေလည်း ပါတယ်၊ ဒါပေမယ့် သူတို့ခေါ်တဲ့အခါ သွား  သရုပ်ဆောင်ပေးရတာကလွဲလို့ ဘာမှမသိရပါဘူး ၊ အဲဒီရုပ်ရှင်ကိုလည်း ဘယ်ချိန် ဘယ်နေရာမှာ ပြန်ကြည့်လို့ရမလဲဆိုတာတောင် မသိဘူး” လို့ သူက ပြောပါတယ်။ [gallery ids="80874,80875,80876,80877,80878,80879,80880,80881,80882,80883,80884,80885,80886,80887,80888,80889,80890,80891"]

A d v e r t i s e m e n t With Us

More News
Up