ရှုံးပွဲကြုံသည့်နေ့ ရော်နယ်ဒို မွေးနေ့ပွဲ ကျင်းပမှု ပရိသတ်များ မကျေနပ်

1.4K
စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲမှာ မြို့ခံ ပြိုင်ဘက် အက်သလက်တီအသင်းကို ၄ ဂိုး ပြတ်နဲ့ ရှုံးတဲ့ ညမှာ မွေးနေ့ပွဲ ကျင်းပခဲ့ပြီး ပျော်ရွှင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုနဲ့ အသင်းသားတွေရဲ့ လုပ်ရပ်အတွက် ပရိသတ်တွေက မကျေမနပ် ဖြစ်နေကြပါတယ်။
ပြီးခဲ့တဲ့အပတ်က အသက် ၃၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲအပြီးမှာ မွေးနေ့ပွဲကို အသင်းသားတချို့နဲ့ ကျင်းပ ပြုလုပ်ခဲ့ပြီး ပျော်ရွှင်စွာ သီချင်းဆိုနေတဲ့ ဗွီဒီယိုဟာ အင်တာနက်စာမျက်နှာပေါ်မှာ ပျံနှံခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့ မကျေမနပ် ဝေဖန်ပြောဆိုမှုကို ခံနေရပါတယ်။
ရော်နယ်ဒိုရဲ့ ကိုယ်စားလှယ်ကတော့ မွေးနေ့ပွဲဟာ စီစဉ်ပြီး လုပ်ဆောင်ခဲ့သလို မိဘ ဆွေမျိုး သူငယ်ချင်းတွေ ရောက်နေတဲ့အတွက် မွေးနေ့ပွဲကို ဖျက်ဖို့ မလွယ်ဘူးလို့ ပြောဆိုပါတယ်။
ဒီလို လျှို့ဝှက်လုပ်ဆောင်ခဲ့တဲ့ မွေးနေ့ပွဲ ဓာတ်ပုံတွေ အင်တာနက် စာမျက်နှာပေါ်မှာ ပျံနှံ့ ပေါက်ကြားသွားတာကို ရော်နယ်ဒိုက စိတ်ပျက်တဲ့အကြောင်းလည်း ကိုယ်စားလှယ်က ပြောပါတယ်။
[gallery ids="80868,80869,80870,77981,70080"]