A d v e r t i s e m e n t With Us

စစ်တပ်က စစ်ဆေးခွင့်မပေးသဖြင့် ကိုပါကြီးအမှု ရုံးတင်ရေးကြန့်ကြာ

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်သားတွေကို စစ်ဆေး မေးမြန်းခွင့်မရတာကြောင့်  တရားရုံးမတင်နိုင်ဘဲ ကြန့်ကြာနေပါတယ်။ အလွတ်သတင်းထောက် ကိုပါကြီးဟာ မနှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ် တိုက်ပွဲ သတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဒဏ်ရာ ထုရိုက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာပါ။ ကိုပါကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး အမှုအခြေအနေ သိရဖို့ ဇနီးသည်ဒေါ်သန္တာနဲ့ရှေ့နေဦးရော ဘတ်ဆန်းအောင်တို့က ကျိုက်မရောမြို့နယ် ရဲစခန်းမှာ မေးမြန်းရာမှာ တရားရုံးတင် စစ်ဆေး နိုင်ခြင်း မရှိကြောင်း မြိုနယ်မှူးက ပြောတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။ [caption id="attachment_80865" align="alignright" width="332"]Par Gyi ဓာတ်ပုံ(မသန္တာ ဖေ့ဘွတ်ခ်)[/caption] ဒေါ်သန္တာက “အပြင်တရားရုံးကို အမှုစွဲတင်ဖို့ အမှုတည်ဆောက်ထားတဲ့ပုံအားလုံးပြည့်စုံရမယ်။ ရဲလုပ်ထုံးလုပ်နည်းအရ အရပ်သားကို စစ်တာ အယောက် ၂၀ ကျော်က အားလုံးစစ်ပြီးသွားပြီ။ ရုံးတင်ဖို့ အဆင်သင့်ဖြစ်နေပြီး ဒါပေမယ့်စစ်တပ်ဖက်က တရားခံကို လုံးဝ စစ်ခွင့်မရဘူး။ အစ်မက စစ်တပ်ကလူတွေနဲ့တိုက်ရိုက် စကားမပြောရဘူး။ မြို့နယ်မှူးနဲ့ ပြောတာကတော့ သူတို့သွား စစ်တယ်၊ စစ်ခွင့်မပေးဘူး။ အဝေးက ထွက်ဆိုချက်ပေးဆိုတော့လည်း ပေးမယ်လို့ပြောပြီး မပေး ဘူး။ ပြီးတော့ အသတ်ခံရတဲ့ ကိုပါကြီးကို ဖမ်းဆီးတုန်းက ပါသွားတဲ့ပစ္စည်းပေးဆိုတော့လည်း မပေးဘူး။”လို့ ပြောပါတယ်။ ဒီကိစ္စကို အမြန်ဆုံးတရားရုံးတင်နိုင်ဖို့ ကာကွယ်ရေးဦးစီးချပ်ဆီစာတင်မယ်လို့ ဒေါ်သန္တာက ပြောပါ တယ်။ စာတင်ပြီး ရက်ပေါင်း ၆၀ အတွင်း ထူးခြားမှုမရှိရင်တော့ နေပြည်တော် တရား လွှတ်တော်ချုပ်မှာ တရားစွဲဆိုသွားမယ်လို့  ပြောပါတယ်။ ကိုပါကြီးသေဆုံးမှု ဟိုးလေးတကြော်ဖြစ်ခဲ့ရပြီးနောက် စုံစမ်းရေးအဖွဲ့တွေနဲ့ စစ်ဆေးခဲ့ကြပါတယ်။  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ပွင့်လင်းမြင်သာမှုရှိအောင် အရပ်ဖက် တရားရုံးမှာ တရားစွဲဆိုသင့်ကြောင်း အကြံပြုထားပါတယ်။ ကိုပါကြီးသေဆုံးခဲ့တာကို ကနဦးပိုင်းမှာ စစ်တပ်က ဖုံးကွယ်ထားပြီး မိသားစုဝင်တွေ သွားရောက် စုံစမ်းမှသာ သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူ့ရုပ်အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့က ကျိုက်မရောမြို့အနီးက ရွှေဝါချောင်ကျေးရွာ နားမှာ ပြန်လည် ဖော်ယူပြီး ဆေးစစ်ချက်တွေကို ရယူခဲ့သလို ရန်ကုန်မြို့သယ်ဆောင်သဂြိုဟ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up