A d v e r t i s e m e n t With Us

ဧရာဝတီ လမ်း အဆင့်မြှင့်ရန် ဒေါ်လာသန်း ၈၀ချေးငွေ အေဒီဘီ သဘောတူ

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ သဘောတူညီချက်ကို  မြန်မာအစိုးရနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်  (အေဒီဘီ)တို့ ဒီကနေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ စိုက်ပျိုးရေးအချက်အချာနေရာဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို အဓိက ဆက်သွယ်ရာ မအူပင်-ဖျာပုံလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့ ချေးငွေတွေကို  အသုံးပြုသွားမယ်လို့  ဖိလစ်ပိုင်နိုင်ငံ မနီလာအခြေစိုက် အေဒီဘီဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ [caption id="attachment_80848" align="alignright" width="344"]ADB ဓာတ်ပုံ (အေဒီဘီ ၀က်ဆိုဒ်)[/caption] ဒါ့အပြင် ဆောက်လုပ်ရေး ၀န်ကြီးဌာနစီမံကိန်း အရည်အသွေး ပိုမိုကောင်းမွန်စေရန် သင်တန်းတွေပေးတာနဲ့ ရန်ကုန်လမ်းသုတေသနဆိုင်ရာ ဓာတ်ခွဲခန်းတွေ အတွက် ကိရိယာသစ်တွေ ဖြည့်တင်းဖို့ ဒီချေးငွေတွေကို သုံးသွားမယ်လို့လည်းဆိုပါတယ်။ ချေးငွေဆိုင်ရာ သဘောတူညီချက်ကို မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းနဲ့ အေဒီဘီဘဏ် မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ၀င်းဖရက်ဝစ်ကလိုင်းတို့က လက်မှတ်ရေး ထိုးခဲ့ကြတာပါ။ မစ္စတာ ၀စ်ကလိုင်းက ခုလို လမ်းပိုင်းကို အဆင့်မြှင့်တင် နိုင်မှုကြောင့် ဈေးကွက်ကို ပိုမိုလက်လှမ်း မီစေနိုင်မှာဖြစ်သလို ထွက်နှုန်းကောင်းတဲ့ မြစ်ဝကျွန်းပေါ် စိုက်ပျိုးမြေတွေကိုလည်း စီးပွားရေးအရ အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ ကြေညာချက်မှာ ပြောပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းဒဏ်ခံခဲ့ရပြီး လမ်းပြုပြင်ထိန်း သိမ်းမှုတွေအတွက် ဘဏ္ဍာငွေ ရင်းနှီးမြှပ်နှံအသုံးပြုမှုလိုအပ်ချက်ကြောင့် လမ်း ကွန်ရက်တိုးတက်မှု နည်းပါးပြီး ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အပြည့်အ၀ အထောက်အပံ့ ပေးနိုင်ခြင်း မရှိသေးဘူးလို့ အေဒီဘီကသုံးသပ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up