A d v e r t i s e m e n t With Us

ထိုင်းနှင့် ဆက်ဆံရေး စိန်ခေါ်မှုရှိနေဟု အမေရိကန်ပြော

ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဟာ စိန်ခေါ်မှုရှိတဲ့အချိန်ကို ဖြတ်သန်းနေရတယ်လို့ မဟာမိတ် အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ ထိုင်းမှာ လူ ၃၀ လောက် သေခဲ့ရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် မေလမှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆက်ဆံရေး မပြေမလည် ဖြစ်နေတာ ဖြစ်ပါတယ်။ ထိုင်းကို အမြန်ဆုံး ဒီမိုကရေစီ လမ်းပေါ် ပြန်သွားဖို့ မျှော်လင့်တဲ့အကြောင်နဲ့  ရွေးကောက်ခံ အရပ်သား အစိုးရရှိရေးအတွက် ဒီနှစ် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ပုံစံပြောင်းဖို့လိုအပ်တယ်လို့ စစ်ရေးလေ့ကျင့်မှု အဖွင့်မိန့်ခွန်းမှာ အမေရိကန် အရာရှိ ပက်ထရစ် မာဖီက ပြောပါတယ်။ အာရှပစိဖိတ် ဒေသအတွင်း အကြီးဆုံး  ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှုကို ထိုင်းနိုင်ငံရေး အခြေ အနေကြောင့် ဒီနှစ် စစ်သား ၃၆၀၀ ထိ လျော့ချ စေလွှတ်ခဲ့တယ်လို့ ထိုင်း အခြေစိုက် အမေရိကန်သံရုံးက  ကြေညာချက် ထုတ်ပြန်ပါတယ်။ အရင်အပတ်ကတော့ အမေရိကန်သံတမန်က စစ်ဥပဒေ ချက်ချင်းရုပ်သိမ်းဖို့ ပြောဆိုခဲ့တဲ့ အတွက် ၂ နိုင်ငံ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ထိုင်း အဆင့်မြင့် အရာရှိတွေက နိုင်ငံရေးမှာ ဝင်မရှုပ်ဖို့ အမေရိကန်ကို တုံ့ပြန် ပြောဆိုခဲ့ပါတယ်။ အမေရိကန်ကလဲ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတချို့ကို ဖျက်သိမ်းပြီး လုံခြုံရေးဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၄.၇သန်းကို ဆိုင်းငံ့ခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အရင်ရက်ပိုင်းက ပြောဆိုခဲ့ပေမယ့် ရက်အတိအကျတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ [gallery ids="80812,80811,80813"]

A d v e r t i s e m e n t With Us

More News
Up