A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာလူငယ်အသင်း အိမ်ရှင်နယူးဇီလန်နှင့်အုပ်စုအတူကျ

နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် အသက် ၂၀ အောက် ဖီဖာ ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲ အတွက် အုပ်စုတွေကို ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ မြန်မာအသင်းဟာအုပ်စု (က) မှာ  အိမ်ရှင် နယူးဇီလန်၊  အမေရိကန်၊ ယူကရိန်းအသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားအုပ်စုတွေ ဖြစ်တဲ့ အုပ်စု (ခ)မှာတော့ အာဂျင်တီးနား၊ ပနားမား၊ အာဖရိကက အဆင့် (၃) ၊ သြစတြီးယား၊ အုပ်စု (ဂ)မှာတော့ ကာတာ၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ အာဖရိက အဆင့် (၄) အုပ်စု (ဃ)မှာတော့ မက္ကဆီကို၊ ဥရုဂွေး၊ ဆားဘီးယား၊ အာဖရိကက ဒုတိယ၊  အုပ်စု (င)မှာတော့ ဘရာဇီလ်း၊ မြောက်ကိုးရီးယား၊ ဟန်ဂေရီ၊ အာဖရိကချန်ပီယံ၊ အုပ်စု(စ)မှာတော့ ဂျာမနီ၊ ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ဟွန်ဒူးရပ်စ်တို့ ကျပါတယ်။ ကမ္ဘာ့နေရာဒေသဇုန်အသီးသီးကနေ ခြေစစ်ပွဲအောင်တဲ့ အသင်း ၂၄ သင်းကို  အုပ်စု ၆ စုမဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အာဖရိကဘောလုံးအသင်းတွေရဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ကစားမှုကတော့ ပြီးစီးခြင်း မရှိပါဘူး။ လူငယ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လာမယ့် မေလ ၃၀ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ နယူးဇီးလန်နိုင်ငံက မြို့ကြီး ၇ မြို့မှာ  ပွဲပေါင်း ၅၂ ပွဲယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပြိုင်ပွဲစတင်တဲ့ မေလ ၃၀ရက်နေ့မှာပဲ အမေရိကန် အသင်းနဲ့  ပထမဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။  ဇွန်လ ၂ ရက်မှာတော့ ယူကရိန်းနဲ့ဒုတိယပွဲကစားရမှာဖြစ်ပြီး အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဇွန်လ ၅ ရက်နေ့မှာ အိမ်ရှင် နယူးဇီလန် လူငယ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ မြန်မာယူ ၂၀ အသင်းဟာ အာရှယူ ၁၉  ပြိုင်ပွဲမှာ ဆီမီးအဆင့်အထိ တက်ရောက်နိုင်လို့  ကမ္ဘာ့ယူ ၂၀ ပြိုင်ပွဲကို ၀င်ခွင့် ရထားတာ ဖြစ်ပါတယ်။ [gallery ids="80801,80799,80800,80674,80676,80675"]

A d v e r t i s e m e n t With Us

More News
Up