A d v e r t i s e m e n t With Us

ရီးရဲလ် လာလီဂါ ဗိုလ်စွဲမည်ဟု ရော်နယ်ဒို ပြော

စပိန် လာလီဂါ ဘောလုံးပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်း ဗိုလ်စွဲပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ်လို့ ခရစ္စတီယာနို ရော်နယ်ဒိုက ပြောပါတယ်။ အရင် ရက်ပိုင်းက မြို့ခံပြိုင်ဖက် အက်သလက်တီကို မက်ဒရစ်ကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပေမယ့် ချန်ပီယံဆုကို ရီးရဲလ်ကပဲ ရယူနိုင်မယ်လို့ သူက ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒီအရှုံးဟာ ၄ နှစ်အတွင်း အဆိုးဝါးဆုံး အရှုံးဖြစ်ခဲ့ပေမယ့် အမှတ်ပေးဇယားကိုတော့ ရီးရဲလ်ကပဲ ဦးဆောင်နေပါတယ်။ ရီးရဲလ်ဟာ ၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လာလီဂါ ချန်ပီယံဆုကို ရယူဖို ရည်မှန်းနေပါတယ်။ ရီးရဲလ်ရဲ့ ပြိုင်ဖက် ဘာစီလိုနာကတော့ ဘီဘာအိုကို ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ အမှတ်ပေးဇယားမှာ ရီးရဲလ်က ၅၄ မှတ်နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာက ၅၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ [gallery ids="80796,80793,80794,80795"]

A d v e r t i s e m e n t With Us

More News
Up