တောင်ဆူဒန် အာဟာရချို့တဲ့ ပြည်သူ ၂.၅ သန်း အရေးပေါ် အကူအညီလို
လာမယ့် မိုးရာသီမတိုင်မီ တောင်ဆူဒန်နိုင်ငံအတွင်းက အာဟာရချို့တဲ့နေတဲ့ လူ ၂.၅ သန်းဟာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ ခေါင်းဆောင် ဗလာရေ အားမော့စ်က ပြောပါတယ်။
တောင်ဆူဒန်သမ္မတ ဆေဗားလ်ကီယာနဲ့ ပြိုင်ဘက် ဒုသမ္မတဟောင်း ရိခ်မာချာတို့ကို သစ္စာခံ တဲ့တပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ နိုင်ငံတွင်း စားနပ်ရိက္ခာ ဖြန့်ဖြူးရေးနဲ့ အကူအညီ ပေးရေးကို ထိခိုက်လာတဲ့ အတွက် တောင်ဆူဒန်မှာ အငတ်ဘေးဆိုက်မှာကို အကူအညီပေး လုပ်သားတွေက ကြောက်ရွံ့နေပါတယ်။
တောင်ဆူဒန်ရဲ့ ဆာလောင်မွတ်သိပ်မှုပြဿ နာ ဖြေရှင်းရေး ကြိုးပမ်း အားထုတ်မှုတွေဟာ တိုက်ပွဲတွေကြောင့် ထိခိုက်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ တောင်ဆူဒန် ပဋိပက္ခကြောင့် လူ ၂ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူ ၅ သောင်းအထိ သေဆုံးခဲ့ပါတယ်။
တောင်ဆူဒန်နိုင်ငံဟာ ဆူဒန်နိုင်ငံကနေ ၂၀၁၁ ခုနှစ်မှာ လွတ်လပ်ရေးရလာခဲ့တာပါ။ နိုင်ငံစီးပွားရေးအတွက် အရေးပါတဲ့ ရေနံထုတ်လုပ်ငန်းကိုလဲ တိုက်ပွဲတွေက ထိန်းချုပ် ဟန့်တား နေတာပါ။
[gallery ids="80788,80789,80790"]