A d v e r t i s e m e n t With Us

ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်

ဓာတ်ပုံ (Ministry of Defence)
ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ  အစိုးရစစ်တပ်နဲ့ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ [caption id="attachment_80760" align="alignright" width="465"]ဓာတ်ပုံ (Ministry of Defence) ဓာတ်ပုံ (Ministry of Defence)[/caption] လောက်ကိုင်မြို့ အနောက်မြောက်ဘက်မှာ တိုက်ပွဲ ၂ ကြိမ်နဲ့ အနောက်တောင်ဘက်မှာ ၁ ကြိမ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒါအပြင် မောက်ထိုက်မြို့အနီးမှာလည်း အစိုးရ စစ်စခန်းတခုကို ကိုးကန့် တိမ်းရှောင်အဖွဲ့က လာရောက် ပစ်ခတ်တဲ့ အတွက် ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။  ပြီးခဲ့တဲ့ ၅ နှစ်က ကိုးကန့် ဒေသမှာ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ကို အစိုးရက တိုက်ထုတ်ခဲ့ပါတယ်။ ဦးဖုန်ကြားရှင်ကတော့ ကိုးကန့် နယ်မြေကို ပြန်ရတဲ့အထိ တိုက်ယူမယ်လို့ Want China Times သတင်းမှာ ဖော်ပြထား ပါတယ်။

A d v e r t i s e m e n t With Us

More News
Up