A d v e r t i s e m e n t With Us

အိုင်အက်စ် စစ်ဆင်ရေးအတွက် ယူအေအီး တိုက်လေယာဉ်များ ဂျော်ဒန်သို့ စေလွှတ်

အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ (အိုင်အက်စ်)အဖွဲ့ကို တိုက်နေတဲ့စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ အက်ဖ် ၁၆ တိုက်လေယာဉ် တပ်ရင်းတခုကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီးက) ဂျော်ဒန်ကို စေလွှတ်လိုက်ပါတယ်။ လေယာဉ်မှူး အသတ်ခံလိုက်ရတာကို တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ် တပ်ဖွဲ့တွေကို ဂျော်ဒန်က လေကြောင်းကနေ စစ်ဆင်တိုက်ခိုက်နေတာပါ။ လေယာဉ်မှူး ပျောက်ဆုံးစဉ်က ရှာဖွေ ကယ်ဆယ်ရေးအပေါ် ထိခိုက်မှာ စိုးရိမ်လို့ ရပ်နားထားတဲ့  ယူအေအီး တိုက်ခိုက်ရေးသမားတွေက ဂျော်ဒန် အတွင်းပိုင်းကနေ ပါဝင်တိုက်ခိုက်နိုင်မှာ ဖြစ်တယ်လို့  စစ်ဘက် သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။ ယူအေအီး အစိုးရပိုင် သတင်းဌာနကလည်း ဂျော်ဒန်ကို လေယာဉ်တွေပို့ဆောင်တာကို အတည်ပြုပြီး အိုင်အက်စ်တိုက်ခိုက်ရေး ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ဆောင်ရွက်တာလို့ ကြေညာပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးအသေးစိတ် အစီအစဉ်တွေကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။ အရင်ရက်ပိုင်းအတွင်း ဆီးရီးယားက အိုင်အက်စ်ထိန်းချုပ်နယ်မြေထဲမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀ လောက် ဂျော်ဒန်က လုပ်ဆောင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ အတွက် အက်ဖ် ၁၆ တိုက်လေယာဉ်တွေကို လိုအပ်သလို အသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိနေသလို တိုက်လေယာဉ်ကို အဆင့်မြင့် ကိရိယာတွေ တပ်ဆင်ပေးဖို့ ဂျော်ဒန် ဘုရင်က  အမေရိကန်ကို အကူအညီတောင်းနေတယ်လို့ ဂျော်ဒန် စစ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ [gallery ids="80746,80745,80744,80748,80747"]

A d v e r t i s e m e n t With Us

More News
Up