A d v e r t i s e m e n t With Us

ပါတီထိပ်ပိုင်းတာဝန် ဒေါက်တာသိန်းလွင်ကို အဖွဲ့ချုပ်ရပ်ဆိုင်း

အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  ဒေါက်တာသိန်းလွင်ကို ပါတီထိပ်ပိုင်း တာဝန်တွေကနေ ရပ်ဆိုင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီက  ဖေဖော်ဝါရီ ၉ရက်နေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒေါက်တာသိန်းလွင်ဟာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာနဲ့ တားမြစ်ချက်တွေကို မလိုက်နာတာကြောင့်  အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်ကရော၊ ဗဟိုကော်မတီဝင်အဖြစ်ကပါ ရပ်ဆိုင်းလိုက် တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။Dr Thein Lwin ဒါ့အပြင် အန်အယ်လ်ဒီဗဟို ပညာရေးကော်မတီကိုလည်း ပြန်လည် အသစ် ပြင်ဆင် ဖွဲ့စည်းမှာ ဖြစ်လို့ ကော်မတီ အသစ်တာဝန်မယူခင် လက်ရှိကော်မတီရဲ့ တာဝန်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ လည်း သီးခြားကြေညာချက် တစောင်ယနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ချုပ်ဗဟို ပညာရေးရာကော်မတီတာဝန်ခံ ဦးဟံသာမြင့်က “ပညာရေးကော်မတီကို ပြန်ပြီးတော့ ပြင်ဆင်ဖို့ လုပ်နေတာ ၄ လလောက်ရှိပါပြီ။ စီအီးစီမှာသဘောတူထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါင်းဆောင်ပြီးလုပ်မယ်လို့ သဘောတူထားပါတယ်။ ဒါပေမယ့် ကြားထဲမှာ အလုပ်များနေတော့ မလုပ်ဖြစ်ဘူး။  အခုကျတော့ ပညာရေးနဲ့ ပတ်သက်ပြီး ပြဿ နာဥပဒေပြင်တဲ့ကိစ္စတွေရော အများကြီးဖြစ်လာတော့ ပညာရေးကော်မတီကိုတော့ အမြန်ဆုံး ပြင်ဆင်ဖွဲ့မှဖြစ်တော့ မယ်ဆိုပြီးတော့ ပြင်ဆင်တဲ့ သဘောပါ” လို့ ပြောပါတယ်။ ပညာရေးကော်မတီကို ခုလိုရပ်ဆိုင်းလိုက်တာဟာ   ဒေါက်တာသိန်းလွင်ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ခြင်းမရှိဘဲ လာမယ့် ဗဟိုကော်မတီအစည်းအဝေးတွေကျရင် ကော်မတီသစ်အတွက် လူရွေးချယ်တာဝန်ပေးအပ်နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒေါက်တာသိန်းလွင်ဟာ အဖွဲ့ချုပ်ဗဟို ပညာရေးကော်မတီနဲ့ ပညာရေးကွန်ယက်တွေမှာ တက်ကြွစွာ ခေါင်းဆောင် ပါဝင်နေသူဖြစ်သလို   အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ လည်း နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်) ကိုယ်စားလှယ် အနေနဲ့  ဦးဆောင်ပါဝင် ဆွေးနွေးနေ သူ ဖြစ်ပါတယ်။ အန်အယ်လ်ဒီကတော့ ဒေါက်တာသိန်းလွင်ဟာ   ပါတီကို ကိုယ်စားပြုတက်ရောက်တာ မဟုတ်ကြောင်း၊  ပါတီဝင်တွေ အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရာ မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းတဲ့ တာဝန်အရ သာဆောင်ရွက်ခွင့်ရှိတဲ့အကြောင်းနဲ့   ပါတီစည်းကမ်းနဲ့ အညီဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း  ထုတ်ပြန်ထား ပါတယ်။ ကျောင်းသားတွေရဲ့ပညာရေးဥပဒေဆန့်ကျင်သပိတ်မှောက်လှုပ်ရှားမှုတွေဟာ မှန်ကန်တဲ့အတွက် ကျောင်းသားတွေ ဘက်က ရပ်တည်ပေးတာဖြစ်ပြီး  ပါတီရဲ့ဆုံးဖြတ်ချက်ကို လိုက်နာ ခံယူဖို့ အသင့်ပဲလို့ ဒေါက်တာသိန်းလွင်က ဒီဗွီဘီကိုပြောကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up