A d v e r t i s e m e n t With Us

၇၄ မြို့အနက် ၈ မြို့သာ လေထုသန့်ရှင်းမှုရှိသည့် တရုတ်နိုင်ငံ

၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ မြို့ကြီး ၈ မြို့သာ လေထု သန့်ရှင်းမှု အခြေခံ အရည်အသွေး ပြည့်မီတယ်လို့ တရုတ်အစိုးရ ပတ်ဝန်းကျင်ရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံအတွင်းက မြို့ ၇၄ မြို့ကို စောင့်ကြည့်ခဲ့ပြီး ဘီဂျင်းမြို့နဲ့ ရှန်ဟိုင်းမြို့တွေပါ လေထု သန့်ရှင်းမှု အခြေခံ အရည်အသွေး ပြည့်မီခြင်း မရှိသလို မြို့ကြီး ၉၀ ရာခိုင်နှုန်းဟာ လေထု သန့်ရှင်းမှု မရှိဘူးလို့  ရိုက်တာ သတင်းက ရေးပါတယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အိုဇုန်းစတဲ့ အမှုန်အမွှားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ကျောက်မီးသွေး စွမ်းအင်ပေါ်မှာ အဓိက မှီခိုနေရတဲ့အတွက် အခုလို လေထု ညစ်ညမ်းမှုတွေ ဖြစ်နေတာ ဖြစ်သလို အစိုးရက လေ့ထုညစ်ညမ်းမှုကို ဟန့်တားဖို့ ကြိုးစားနေပါတယ်။ အရင်နှစ်ကစတင်ပြီး လေထု ညစ်ညမ်းမှု စစ်ဆင်ရေးကို စတင်ခဲ့ပြီး စံချိန်စံနှုန်းမမီတဲ့ စက်မှုဇုန်တွေကို ပိတ်သိမ်းခဲ့ပြီး ကျောက်မီးသွေးသုံးစွဲမှုကို ကန့်သတ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟူဘေး ပြည်နယ်မြို့တွေကတော့ လေထု ညစ်ညမ်းမှု အဆိုးဆုံး မြို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဟိုင်နန်ကျွန်းက  ဟိုင်ကော့အို တိဗက် မြို့တော် လာဆာနဲ့ ကမ်းခြေမြို့တော် ယော့ရှန်းမြို့တွေက စံချိန်စံညွန်းပြည့်မီတယ်လို့ ဆိုပါတယ်။ ၂၀၁၄ မှာတော့ ကူမင်း၊ ဖူကျိုး၊ ဂျူးဟိုင်း၊ ဟွေ့ကျိုးမြို့တွေက စံချိန်စံညွန်း ပြည့်မီတယ်လို့ ဆိုပါတယ်။ [gallery ids="80712,80716,80717,80714,80713,80718,80715"]  

A d v e r t i s e m e n t With Us

More News
Up