နိုင်ငံခြား ခရီးသွားခွင့် ယင်လပ် တောင်းခံချက် ပယ်ချခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ် နိုင်ငံခြားခရီးသွားခွင့်တောင်းခံမှုကို အာဏာသိမ်း စစ်အစိုးရက ငြင်းဆန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်မှာ အစိုးရရှေ့နေချုပ်က ဆင့်ခေါ်စာထုတ်ဖို့ ရှိပြီး ယင်လပ်က အမှုကို ရင်ဆိုင်ဖို့ ရှိတယ်လို့ အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။ ယင်လပ် တာဝန်ယူခဲ့တဲ့ အစိုးရရဲ့ ဆန်အမတော်ကြေးကိစ္စမှာ အဂတိလိုက်စားမှု ရှိခဲ့တယ်လို့ စွပ်စွဲခံနေ ရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ် ကျခံရနိုင်ပါတယ်။ ယင်လပ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။ ထိုင်းလယ်သမားတွေကို ကူညီထောက်ပံ့ဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး အစိုးရရဲ့ ဆန်ဝယ်ယူရေးအစီအစဉ်မှာ နေ့စဉ် စီမံခန့်ခွဲမှု လုပ်ခဲ့တာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။ ဇန်န၀ါရီလအတွင်း လွှတ်တော်ကြားနာပွဲအပြီး ယင်လပ်ကို နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့ပါတယ်။ ယင်းလပ်ဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။ ယင်းလပ်အစိုးရဟာ ထိုင်းလယ်သမားတွေဆီက ဆန်ကို ဈေးကြီးကြီး ပေးဝယ်ခဲ့ပြီး အရှုံးခံ မရောင်းနိုင်ခဲ့တာကြောင့် ထိုင်းဆန်တွေ ပြည်တွင်းမှာ ပုံခဲ့ပြီး နိုင်ငံခြားတင်ပို့မှုကို ထိခိုက်ခဲ့ရတာပါ။ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ကို ထောက်ခံသူတွေကတော့ ထိုင်းနိုင်ငံရေးကနေ အကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ လွှမ်းမိုးမှုကို အပြီးဖယ်ရှားဖို့ ကြိုးစားမှုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ [gallery ids="80684,76240,52454,78484"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up