A d v e r t i s e m e n t With Us

ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲ အုပ်စု မဲခွဲမည်

မြန်မာ့ ယူ၂၀ ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မဲခွဲပွဲ အခမ်းအနားကို အိမ်ရှင် နယူးဇီလန် နိုင်ငံ အောက်ကလန်မြို့ စကိုင်း စီးတီး ဟိုတယ်မှာ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မဲခွဲပွဲအခမ်းအနားကို မြန်မာ ဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်တယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေး ကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။ မြန်မာယူ ၂၀ အသင်း အပါအ၀င် ပြိုင်ပွဲဝင် ၂၄ သင်းကို အုပ်စု ၆ စု ခွဲပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အာရှဇုန်ကနေ မြန်မာ၊ မြောက်ကိုရီးယား၊ကာတာနဲ့ ဥဇဘက်ကစ္စတန်တို့ ပါဝင် ယှဉ်ပြိုင်ခွင့် ရထားသလို ဥရောပဇုန်ကတော့ ဂျာမနီ ပေါ်တူဂီတို့ ပါဝင်မှာ ဖြစ်ပါတယ်။ တောင်အမေရိဇုန်မှာတော့ ဘရာဇီး၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာ အသင်းတွေ ပါဝင်နေပါတယ်။ အုပ်စု တခုစီကနေ အမှတ်အများဆုံး ရတဲ့ ထိပ်ဆုံး ၂ သင်းစီ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် ရပြီး အကောင်းဆုံး အုပ်စု တတိယရတဲ့ ၄ သင်းလည်း နောက်တဆင့်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲကို လာမယ့် မေလ ၃၀ ကနေ ဇွန် ၂၀ အထိ နယူးဇီလန်နိုင်ငံမှာ ကျင်းပသွားမှာပါ။ မြန်မာယူ ၂၀ အသင်းဟာ အာရှယူ ၁၉  ပြိုင်ပွဲမှာ ဆီမီးအဆင့်အထိ တက်ရောက်နိုင်လို့  ကမ္ဘာ့ယူ ၂၀ ပြိုင်ပွဲကို ၀င်ခွင့် ရထားတာ ဖြစ်ပါတယ်။ [gallery ids="80676,80675,80674,80673"]

A d v e r t i s e m e n t With Us

More News
Up