အီဂျစ် ဘောလုံးပွဲ အဓိကရုဏ်း လူ ၂၂ ဦး သေ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ဘောလုံးပွဲကြည့်ပရိသတ်တွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အတွက် အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။
မြို့ခံ ပြိုင်ဘက် အီးအန်ပီပီအိုင်အသင်းနဲ့ ကစားမယ့်ပွဲမှာ ကွင်းအတွင်းကို အတင်းတိုးဝင်ရောက်တဲ့ ဇာမာလက်ခ် ကလပ် ပရိတ်သတ်တွေကို ရဲတပ်ဖွဲ့တွေက မီးခိုးဗုံးတွေ အသုံးပြု ပစ်ခတ်ခဲ့လို့ လူတွေ အချင်းချင်း တိုးဝှေ့မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဇာမာလက်ခ် ပရိတ်သတ်ခေါင်းဆောင်ကို ၀ရမ်းထုတ်ထားသလို အခုနှစ် ဘောလုံးရာသီပွဲစဉ်တွေကိုလည်း အီဂျစ်အာဏာပိုင်တွေက ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။
ဘောလုံးကွင်းထဲကို ၀င်ဖို့ ပရိသတ်တွေ တိုးဝှေးရင် ကွင်းကိုကာရံထားတဲ့ ခြံစည်းရိုး ပြိုလဲသွားသလို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ တရစပ် ပစ်ခတ်ခဲ့ တယ်လို့ မျက်မြင်သက်သေ ပရိသတ်တဦးက ပြောဆိုပါတယ်။ လူအယောက်၂၀ လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကွင်းအထဲကို ၀င်ပေါက် တပေါက်ထဲပဲ ၀င်ခွင့်ပေးခဲ့တဲ့ အာဏာပိုင်တွေကို ဘောလုံးပရိသတ်တွေ အပြစ်တင်ကြပါတယ်။
၂၀၁၂ ခုနှစ်ကလည်း ပင်လယ်ဆိပ်ကမ်းမြို့ ပေါ့ဆာရီ မြို့မှာ အခုလိုပဲ ဘောလုံးပွဲမှာ နှစ်ဖက် ပရိတ်သတ်တွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူအယောက် ၇၄ ယောက် သေဆုံးခဲ့တာပါ။
အခု ကိုင်ရိုမြို့ ဘောလုံးပွဲပဋိပက္ခကိုလည်း စုံစမ်းဖို့ အစိုးရရှေ့နေချုပ်က အမိန့်ထုတ်ထားပါတယ်။
[gallery ids="80654,80647,80652,80648,80650,80649,80651,80653"]