Home
မြန်မာသတင်း
မဲခေါင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု သံသယရှိသူ ၈၄၁ ဦး ဖမ်းဆီး
DVB
·
February 9, 2015
To match Special Report CHINA-MEKONG/
To match Special Report CHINA-MEKONG/
To match Special Report CHINA-MEKONG/
To match Special Report MEKONG-CHINA/MURDERS
Chinese policemen in patrol boats accompany a cargo vessel along the Mekong River after departing from Guanlei port, Xishuangbanna Dai Autonomous Prefecture
မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံ ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒုတိယအကြိမ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ သံသယရှိသူ ၈၄၁ ဦး ဒီနှစ်အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇန်န၀ါရီ ၁၅ ရက်က စတင်ပြီး ထိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုမှာ မဲခေါင် မြစ်ဝှမ်းတလျှောက်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အမှု ၅၉၀ ဖမ်းဆီးရမိခဲ့သလို ဘိန်းဖြူ ၇၀ ကီလိုဂရမ်၊ ဘိန်း ၁.၂ ကီလိုဂရမ်နဲ့ မက်သဖက်တမင်း ၄သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ China.org.cn သတင်းဌာနက ရေးပါတယ်။ ၄ နိုင်ငံက အရာရှိ ၅၄၈၂ ဦးနဲ့ စက်လှေ ၅၁၂ စင်းနဲ့ မဲခေါင်မြစ်မှာ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ ရွာတွေကိုလှည့်လည်တာ သတင်းတွေကို ထောက်လှမ်းတာ သံသယရှိသူတွေကို ဖမ်းဆီးတာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ် စစ်ဆေးတာတွေ ပါဝင်နေပါတယ်။ ၂၀၁၃ ဧပြီ-ဇွန်မှာတော့ ပထမအကြိမ် မူးယစ်ဆေးဝါး နှိမ်နှင်းရေး လှုပ်ရှားမှုတွေကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်မှာ လုပ်ဆောင်ခဲ့ပါတယ်။ [gallery ids="80637,80638,80640,80639,80641"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024