A d v e r t i s e m e n t With Us

ဂျပန်ရောက် မြန်မာအလုပ်သမား ၃၃ ဦး ဒုက္ခသည် ခိုလှုံခွင့်လျှောက်

ဂျပန်နိုင်ငံ အီဘာရက်ကီ စီရင်စု အလုပ်ရုံကနေ အရင်နှစ်က ပျောက်သွားတဲ့ မြန်မာ နည်းပညာ သင်တန်းသား ၃၃ ဦးဟာ ဒုက္ခသည် အဖြစ် လျှောက်ထားတယ်လို့ ဆိုပါတယ်။ ကာမိဆုအခြေစိုက် ဟာဆာကီ ကိုကူဆိုင် ကောယုကိုဒိုကူမီအိုင် ကုမ္ပဏီရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့ ရေထွက်ပစ္စည်းနဲ့ဆိုင်တဲ့ စက်ရုံမှာ မြန်မာ ၃၅ ဦးဟာ ၂၀၁၃ ဒီဇင်ဘာကနေ ၂၀၁၄ မေ အထိ အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဖြစ်တယ်လို့ ဂျပန် ယိုမိယို ရှင်ဘွန်း သတင်းက ရေးပါတယ်။ ဒါပေမယ့် ဇွန်လမှာ ၃ ဦးက အလုပ်လုပ်တာကို ရပ်နားခဲ့သလို တလပြီးတလ လခထုတ်ပြီးတာနဲ့ တဦးပြီး တဦး ပျောက်ဆုံးလာတယ်လို့ဆိုပါတယ်။ [caption id="attachment_80632" align="alignleft" width="323"]၂၀၁၁ ခုနှစ် ကုလသမဂ္ဂ တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်ဖြင့် ဂျပန်သို့ သွားရောက်မည့် မြန်မာ ဒုက္ခသည်များ (ဓာတ်ပုံ-ကျိုဒို) ၂၀၁၁ ခုနှစ် ကုလသမဂ္ဂ တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်ဖြင့် ဂျပန်သို့ သွားရောက်မည့် မြန်မာ ဒုက္ခသည်များ (ဓာတ်ပုံ-ကျိုဒို)[/caption] နာမကျန်းဖြစ်လို့ ပြန်သွားတဲ့ ၂ ဦးကလွဲပြီး ကျန်တဲ့သူတွေအားလုံး ဒီဇင်ဘာမှာ ပျောက်ဆုံးခဲ့ပြီး အခုတော့ ကျန်တဲ့ အသက် ၂၂-၃၄ နှစ်အကြား မြန်မာ ၃၃ ဦးက ဒုက္ခသည် အဖြစ် လျှောက်ထားတယ်လို့ သတင်းက ရေးပါတယ်။ ဒီအထဲမှာ ၂၃ ဦးက အမျိုးသားတွေ ဖြစ်ပါတယ်။ တချို့တွေက တိုကျိုမှာ အခွင့်အရေးပိုရှိပြီး ငွေများများရတဲ့ အကြောင်းတွေကို ပြောဆိုသံကို ကြားခဲ့ရပြီး မြန်မာ တချို့က ဂန်မာစီရင်စုမှာ အလုပ်လုပ်နေတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာ ၃၃ ဦးကို ပို့ဆောင်ခဲ့တဲ့ ရန်ကုန်က ကုမ္ပဏီကိုလည်း ဆက်သွယ်မရတော့ဘူးလို့ ဂျပန်ကုမ္ပဏီက ပြောပါတယ်။ အလားတူ ရန်ကုန်က ဒီကုမ္ပဏီနဲ့ ဆက်သွယ်ပြီး အလုပ်သမား ခေါ်ယူခဲ့တဲ့ ဂျပန်ကုမ္ပဏီတခုကလည်း သူတို့ဆီမှာ လာရောက် လုပ်ကိုင်တဲ့ မြန်မာ ၃၄ ဦးအနက် ၂၅ ဦးပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။ အရင်နှစ်က မြန်မာ ၄၃၄ ဦး ဒုက္ခသည်အဖြစ်လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ နီပေါ၊ တူရကီနဲ့ သီရိလင်္ကာပြီးရင်တော့ မြန်မာက စတုတ္ထအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါ ပွဲစားက နီပေါတွေကို ဒုက္ခသည် အတုအဖြစ် ဟန်ဆောင်လျှောက်ထားတဲ့နည်းတွေ ပေါက်ကြားခဲ့ပြီးတဲ့နောက် တခြားနိုင်ငံခြားသားတွေလည်း အလုပ်အကိုင်ရရှိဖို့ အလားတူ လုပ်ဆောင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးက ယုံကြည်နေတယ်လို့ သတင်းမှာ ရေးပါတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အလုပ်ကနေထွက်လာတဲ့ သင်တန်းသားတွေ အပါအ၀င် ဒုက္ခသည်အဖြစ် ဂျပန်က လျှောက်ထားခွင့်ပြုခဲ့သလို ဂျပန်နိုင်ငံအတွင်း ၆ လ အလုပ်လုပ်ခွင့်ပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up