A d v e r t i s e m e n t With Us

သရေရလဒ်နှင့် ကျေနပ်လိုက်ရသည့် မန်ယူ

ဇန်န၀ါရီ ၈ရက် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ၀က်စ်ဟမ်းယူနိုက်တက် အသင်းတို့ တဂိုးစီ သရေကျသွားပါတယ်။ ၀က်စ်ဟမ်းအသင်းရဲ့ ဦးဆောင်ဂိုး သွင်းတာခံရပြီး မိနစ် ၉၀ ကျမှ ဘလင်းက မန်ယူအတွက် ချေပဂိုး သွင်းယူနိုင်တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်ရာသီ အဝေးကွင်း ပွဲစဉ်တွေမှာ ရုန်းကန်ရတဲ့ အစဉ်အလာကို ဒီပွဲမှာ ဆက်လက် ထိန်းသိမ်းသွားပါတယ်။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အသာယူနိုင်သလို ကန်သွင်းခွင့်လည်း ပိုရပေမယ့် အသုံးမချနိုင်လို့ သရေတမှတ်ပဲ ယူနိုင်ခဲ့တာပါ။ ဒီပွဲ သရေကျလို့ မန်ယူအသင်းဟာ ၄၄ မှတ်နဲ့ အဆင့် ၄နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ၀က်စ်ဟမ်းအသင်းကတော့ ၃၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ တခြားပွဲစဉ်တွေမှာတော့ နယူးကာဆယ် ယူနိုက်တက်နဲ့ စတုတ်တို့ ၁ ဂိုးစီသရေ၊ ဘန်လေနဲ့ ၀က်စ်ဘရောင်းတို့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ [gallery ids="80613,80614,80615,80616,80617,80618"]

A d v e r t i s e m e n t With Us

More News
Up