A d v e r t i s e m e n t With Us

အာဖရိကဖလား အိုင်ဗရီကိုစ်ဗိုလ်စွဲ

တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိုင်ဗရီကို့စ်က ဂါနာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။ ပွဲကစားချိန် မိနစ် ၉၀နဲ့ အချိန်ပိုအထိ ဂိုးမရှိ သရေကျခဲ့လို့  ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာ အိုင်ဗရီကို့စ်က ၉  ဂိုး ၈ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် ဂိုးသမား ဘာရီက တဖက်က ကန်သွင်းတဲ့ ပင်နယ်တီကို ကာကွယ်နိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်လို့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ အိုင်ဗရီကို့စ်အတွက် အာဖရိကဖလား ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက  အိုင်ဗရီကို့စ်ဟာ ဂါနာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ပြီး ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်ဖူးထားပါတယ်။ [gallery ids="80600,80601,80602,80603,80604,80605,80606"]

A d v e r t i s e m e n t With Us

More News
Up