A d v e r t i s e m e n t With Us

တောင်ဆူဒန်တွင် မုဒိမ်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ဖြစ်

တောင်ဆူဒန်မှာ တိုက်ပွဲတွေ မပြင်းထန်တော့ပေမယ့် မုဒိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထွေထွေ အတွင်းရေးမှူး အီဗန် ဆိုင်မွန်နိုဗစ်က ပြောပါတယ်။ ad508e847cc7c37d7b6a56b61760024563b52273တောင်ဆူဒန် ခရီးစဉ်အတွင်း မုဒိမ်း အကျင့်ခံရတဲ့သူတွေနဲ့ တွေ့ဆုံခဲ့အပြီးမှာ အီဗန် ဆိုင်မွန်နိုဗစ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အစိုးရနဲ့ လက်နက်ကိုင်တွေအကြေား မကြာခင်က ဆွေးနွေးထားတဲ့ အပစ်ခတ်ရပ်စဲရေး ရပ်တန့်သွားနိုင်တယ်လို့ အတွင်းရေးမှူး အီဗန် ဆိုင်မွန်နိုဗစ်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးပါတယ်။ [caption id="attachment_80554" align="aligncenter" width="687"]တောင်ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ - အေအက်ဖ်ပီ) တောင်ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption] တောင်ဆူဒန်မှာ လက်နက်ကိုင် တပ်ဖွဲ့ ၂၄ ဖွဲ့ကျော်ရှိနေပြီး တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၃ ဒီဇင်ဘာလက စတင်ပြီး တောင်ဆူဒန်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သလို လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာလို့ စောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြင်ဖူးသမျှထဲမှာ တောင်ဆူဒန် မုဒိမ်းမှုက အဆိုးဝါးဆုံးဖြစ်တယ်လို့ အောက်တိုဘာလက ပြောဆိုခဲ့ပါတယ်။ တိုင်းပြည်လူဦးရေ ၁၂ သန်းထဲက တ၀က်လောက်က အကူအညီလိုအပ်နေသလို အရပ်သား တသိန်းလောက်ကလည်း ကုလသမဂ္ဂ စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up