A d v e r t i s e m e n t With Us

မိသားစု လုံခြုံရေး စိုးရိမ်နေသည့် ဒီမာရီယာ

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမား အိန်ဂျယ် ဒီမာရီယာက မိသားစု လုံခြုံရေးကို စိုးရိမ်နေတယ်လို့ နည်းပြ လူးဝစ် ဘန်ဂေါလ်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ အစောပိုင်းက ချက်ရှိုင်းယားအိမ်ကို ဖောက်ထွင်းသူတွေက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပေမယ့်  အချက်ပေး မြည်သံကြောင့် မအောင်မြင်ဖြစ်ခဲ့ရတာပါတယ်။ ဒီနောက်မှာတော့ သူက ဟိုတယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဒီမာရီယာက ကလေးနဲ့ မိန်းမအတွက် ပူပန်နေသလို သူ့ပတ်ဝန်းကျင်က အရေးကြီးတယ်လို့ ဘန်ဂေါလ်က ပြောပါတယ်။ ဒီလိုအခြေအနေတွေ ရင်ဆိုင်နေတဲ့ ကစားသမားတွေကို အရင်က ထည့်ကစားလေ့ မရှီပေမယ့် သူကိုတော့ ပေးကစားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ၀က်ဟမ်းနဲ့ပွဲမှာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်းကျော်နဲ့ ခေါ်ယူခဲ့တဲ့ ဒီမာရီယာ ပါဝင်ကစားမယ်လို့လည်း အတည်ပြုပြောကြားသွားပါတယ်။ [gallery ids="80538,80535,80537,80536,80539,80540"]

A d v e r t i s e m e n t With Us

More News
Up