Home
အထွေထွေ
သပိတ်စစ်ကြောင်းကို ၈၈ အဖွဲ့ သွားရောက်အားပေး
ရွှေအောင်
·
February 7, 2015
မန္တလေးကနေ ရန်ကုန်ကို လမ်းလျှောက်ချီတက်ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သွားရောက်အားပေးပြီး လိုအပ်ချက်တွေ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မှာ တောင်တွင်းကြီး၊ ဆတ်သွားစခန်းကနေ ဒီနေ့မနက်ပိုင်း အောင်လံမြို့ကို သပိတ်စစ်ကြောင်းချီတက်နေတုန်း ၈၈ ငြိမ်းချမ်းပွင့်လင်းအဖွဲ့က ဒေါ်နီလာသိန်းနဲ့ ဒေါ်မီးမီးတို့ လာရောက်အားပေးဆွေးနွေးခဲ့ကြတာလို့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။ ရန်ကုန်မှာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)၊ တို့ အကြိုညှိနှိုင်းဆွေးနွေးနေကြပြီး အစိုးရ၊ လွှတ်တော်၊ အန်အန်အီးအာ နဲ့ ကျောင်းသား လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေလည်း ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီလို ဆွေးနွေးပွဲတွေဖြစ်ပေါ်လာရင်လည်း ကျောင်သားတွေရဲ့ တောင်းဆိုချက် ၁၁ ချက် မရမချင်း ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ဆက်လက်ချီတက်သွားမယ်လို့ ကိုရဲရင့်ကျော်က  ပြောပါတယ်။ 10930121_625276200951212_8477791372301602597_n“ကျနော်တို့စစ်ကြောင်းတွေက ရပ်မှာမဟုတ်ဘဲ ဆက်လက် ချီတက်နေမှာပါ၊ ဆွေးနွေးနေတုန်းလည်း မရပ်ပါဘူးခင်ဗျ။ ကျနော်တို့ တောင်းဆိုထားတဲ့ ၁၁ ချက် အဆင်ပြေအောင် ဖိအားပေးတောင်းဆိုနေမှာပါပဲ။ တဘက်က ဆွေးနွေးနေတာက အချက်အလက်အရ ဖြစ်တယ်၊ တဘက်က သပိတ်တိုက်ပွဲကလည်း ဆက်သွားနေမှာပါ။ တောင်းဆိုချက်တွေအပေါ် အချိန်ဆွဲတာတွေ နှောင့်နှေးအောင်လုပ်တာတွေ အကြိမ်ကြိမ်ရွှေ့ဆိုင်းတာတွေ ဖြစ်ပေါ်ခြင်း မရှိအောင် ဒီဘက်က သပိတ်ကို ရပ်နားမှာ မဟုတ်ပါဘူး။” အခုရက်ပိုင်း ကျောင်းသားသပိတ်စစ်ကြောင်းတွေ အရှိန်ရလာချိန်မှာ နိုင်ငံပိုင်သတင်းဌာနတွေက ဆူဆူပူပူဖြစ်လာရင် တိုင်းပြည်အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ သမ္မတမိန့်ခွန်းကို အထူးတလည် ဖော်ပြနေပါတယ်။ ဒီအပေါ် ကိုရဲရင့်ကျော်က “ဆူဆူပူပူလုပ်ချင်ရင် အခုလို အပင်ပန်းခံစစ်ကြောင်းချီတက်ပြီး လုပ်စရာမလိုပါဘူး။ မန္တလေးမှာလည်း လုပ်လို့ရတာပါပဲ။ တကယ်ဆူပူဖို့ လုပ်သွားတဲ့အချိန်မှာ ဒီအစိုးရ သိတောင်မသိလိုက်ဘဲ မိတ္ထီလာတို့၊ မန္တလေးတို့မှာ ပဋိပက္ခတွ ဖြစ်ခဲ့သေးတာပဲ၊ ကျနော်တို့ ပညာရေးအတွက် ဆန္ဒပြချီတက်ရာလမ်းမှာ ဘယ်ပြည်သူကိုမှ ဒုက္ခ မပေးခဲ့ဘူး။ ကျနော်တို့ ဖြတ်သန်းရာ မြို့တွေမှာလည်း ဘာပြသနာမှ မရှိခဲ့ဘူး။ ဖြတ်သန်းခဲ့တဲ့ မြို့တိုင်းမှာ ပြည်သူတွေဟာ အစိုးရနဲ့ ပူးပေါင်းသလား၊ ကျောင်းသားနဲ့ ပူးပေါင်းသလားဆိုတာ မြို့အ၀င်တိုင်းမှာ ကြည့်မြင်နိုင်ပါတယ်” လို့ ပြောပါတယ်။ မန္တလေး-ရန်ကုန် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းဟာ  ဆတ်သွားမြို့မှာ မနေ့က ညအိပ်ရပ်နားခဲ့ပြီးနောက် ဒီနေ့ အောင်လံမြို့ကို ဆက်လက်ချီတက်နေပါတယ်။ အလားတူ ဧရာဝတီသပိတ်စစ်ကြောင်းနဲ့ ပခုက္ကူ  စစ်ကြောင်းတွေဟာလည်း ရန်ကုန်ကို ချီတက်နေကြပါတယ်။ ထားဝယ်ကျောင်းသားတွေကလည်း ဒီနေ့ မြို့တွင်းမှာ ဆက်လက်ချီတက်နေပြီး မနက်ဖြန်မှာတော့ မော်လမြိုင်ကျောင်းသားတွေနဲ့ သွားရောက်ပူးပေါင်းပြီး ရန်ကုန်ကို ချီတက်ကြမှာဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့ကတည်းက သပိတ်စစ်ကြောင်းအသီးသီးနဲ့ ရန်ကုန်ချီတက်နေကြတာ ဖြစ်ပါတယ်။ မန္တလေး-ရန်ကုန် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း [gallery ids="80480,80479,80478,80477,80476,80475,80474"]   ဧရာဝတီ သပိတ်စစ်ကြောင်း [gallery ids="80486,80485,80484,80483,80482,80481"] ပခုက္ကူသပိတ်စစ်ကြောင်း [gallery ids="80493,80492,80491,80490,80489,80488,80487"] ထားဝယ်သပိတ်စစ်ကြောင်း [gallery ids="80494,80495,80496,80497"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024